Healthy Life Ad
International

ခွေးများကို ပွေ့ဖက်ခြင်းကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ခွေးပိုင်ရှင် များပြားလာ

၊ ကိုထက် ၊

အမေရိကန် ကူးစက်ရောဂါကာကွယ်ရေးဌာနမှ ထုတ်ပြန်ချက်တွေအရ အမေရိကန်နိုင်ငံတွင်း ခွေးတွေကတစ်ဆင့် ကန်ဖိုင်လိုဘက်တာပိုး ကူးစက်ခံရတဲ့ ခွေးပိုင်ရှင်တွေ များလာကြောင်းသိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ကူးစက်ခံရသူ ၅၀ ရှိနေပြီး အခုအခါ ပြည်နယ် ၁၇ခုမှ ဆေးရုံ ၂၂ ခုမှာ ကုသမှုခံယူနေသူ ၉၇ ယောက်ရှိနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်ပိုးကို ခွေးတွေမှာ အတွေ့များပြီး ခွေးပိုင်ရှင်တွေအနေနဲ့ မိမိတို့ခွေးတွေကို ပွေ့ဖက်မှုပြုရာမှ ကူးစက်နိုင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဖျားနာခြင်းနဲ့ ကြွက်တက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အခုအချိန်ထိတော့ သေဆုံးတဲ့သူ မရှိသေးကြောင်း သိရပါတယ်။

ကူးစက်ရောဂါကာကွယ်ရေးဌာနမှ အမေရိကန်နိုင်ငံ ဒေသအတော်များများကို ပိုးကူးစက်ခံနေရာတွေအဖြစ် ထုတ်ပြန်ထားပါတယ်။ ထူးခြားဖြစ်စဉ်တွေကိုလည်း စောင့်ကြည့်လျက်ရှိပြီး ခွေးပိုင်ရှင်တွေ အန္တရာယ်ကင်းစေမယ့် လမ်းညွှန်ချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ကန်ဖိုင်လိုဘက်တာပိုးရှိတဲ့ခွေးဟာ ဖျားခြင်း၊ ဝမ်းလျောခြင်းနဲ့ အော့အန်ခြင်းတွေ ဖြစ်တတ်ပေမယ့် ရောဂါလက္ခဏာမပြတာလည်း ရှိပါတယ်။ လူတွေကို ကူးစက်ခဲ့ရင်လည်း ဒီလက္ခဏာတွေပြသတတ်ပြီး ဝမ်းထဲသွေးပါတာတွေလည်း ဖြစ်တတ်ပါတယ်လို့ ဆိုပါတယ်။ ပိုးကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းဟာ ခွေးတွေကိုပွေ့ဖက်ပြီး ပွတ်သပ်နေတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top