မေး. သမီးလေးက ၃ နှစ်အရွယ်ပါ။ အဖြူဆင်းလာတယ်၊ ယားတယ်လို့ပြောပါတယ်။ ဆေးခန်းပြထားတယ်။ လိမ်းဆေး၊ သောက်ဆေးပေးထားတယ်။ ဒီလိုမျိုးဖြစ်တတ်ပါသလား သိချင်လို့ပါ။
Thang Ho Lian(FB)
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. ဖြစ်တတ်ပါတယ်။ သမီးမိန်းကလေးငယ်လေးတွေဝမ်းသွားပြီး သန့်ရှင်းရေးလုပ်ရာမှာ အားနည်းရာက ပိုးဝင်လို့ဖြစ်တာပါ။ ဆီးလမ်းကြောင်း၊ ဝမ်းလမ်းကြောင်းတွေက လိင်အင်္ဂါနဲ့ဆက်နေတော့ အခန့်မသင့်လို့ သန့်ရှင်းရေး အားနည်းသွားရင် လိင်အင်္ဂါထဲပိုးဝင်ပြီး ဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာ ကလေးရဲ့ လိင်အင်္ဂါသန့်ရှင်းရေးကို အထူးဂရုစိုက်ရပါမယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)