Healthy Life Ad
Life Style

၀ံပလွေနှင့် ကြိုးကြာ…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဝံပုလွေတစ်ကောင်က အသားတွေကို လောဘတကြီး စားတတ်တယ်။ တစ်ခါမှာ အသားတုံးတစ်တုံးကိုက်လိုက်တဲ့အခါ သူ့လည်ချောင်းမှာ ကန့်လန့်ဖြတ်တစ်ဆို့နေတယ်။ အသားတုံးကို အပေါ်လည်းပြန်ထုတ်လို့မရ၊ အောက်လည်းချလို့မရနဲ့ ဘာမှလည်းစားလို့မရဘူး။ လောဘကြီးတဲ့ ဝံပုလွေခက်ရခက်တဲ့ နာကျင်မှုခံစားနေရတယ်။

ကြိုးကြာငှက်ဆီ အမြန်ပြေးသွားပြီး သူရဲ့ ရှည်လျားတဲ့နှုတ်သီးနဲ့ အရိုးကိုဆွဲထုတ်ပေးဖို့ ဝံပုလွေကဆိုတယ်။

“အသားတုံးကိုသာ ဆွဲထုတ်နိုင်ရင် မင်းကို ဆုလာဘ်ပေးမယ်” လို့ ဝံပုလွေက ဆိုတယ်။

ဝံပုလွေလည်ချောင်းထဲက အသားတုံးကို ဆွဲထုတ်ပေးဖို့ ကြိုးကြာငှက်အတွက် မလွယ်ပါဘူး။ ဒါပေမဲ့ ခဲရာခဲဆစ်ကြိုးစားပြီး အသားတုံး ဆွဲထုတ်ပေးလိုက်တဲ့အခါ ဝံပုလွေက အသားတုံးကိုယူပြီး ထွက်ပြေးသွားတော့တယ်။

“ငါ့အတွက် ဆုလာဘ်ကဘာလဲ”လို့ ကြိုးကြာငှက်က စိတ်တိုစွာနဲ့ ပြောတော့- ဝံပုလွေက ပြန်ဖြေတယ်။

“မင်း ရပြီးပြီလေ၊ ငါ့ပါးစပ်ထဲ မင်းခေါင်းရောက်တုန်းက ငါမစားဘဲလွှတ်ပေးလိုက်တာ. . ဆုလာဘ်ပဲ”တဲ့။

ဆိုလိုတာက ရိုးသားမှုမရှိ စဉ်းလဲကောက်ကျစ်သူထံက ဘယ်တော့မှ ဆုလာဘ်မမျှော်ကိုးပါနဲ့။ တစ်ကိုယ်ကောင်းဆန်သူနဲ့ မိတ်ဖွဲ့တာက ဘာကောင်းကျိုးမှ ရရှိမှာမဟုတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top