Healthy Life Ad
Life Style

ဘာအလုပ်လုပ်ပဲလုပ်လုပ် အောင်မြင်မှုရရှိစေမယ့် အကြံပြုချက် ၁၀

(၁) ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ပါ၊ ဒါမှသာ အချိန်ကုန်လို့ ကုန်မှန်းမသိ စွဲစွဲမြဲမြဲ အလုပ်လုပ်ဖြစ်မှာပါ။
(၂) လူတွေကို သူတို့ မျှော်မှန်းတာထက် ပိုပြီးပေးပါ၊ ပြုံးပြုံးရွှင်ရွှင် ဆက်ဆံပါ။
(၃) စိတ်အားထက်သန်မှုအရှိဆုံးနဲ့ အကောင်းမြင်စိတ်အရှိဆုံး လူဖြစ်အောင် ကြိုးစားအားထုတ်ပါ။
(၄) အလွဲအမှားတစ်ခုခု ရှိလာရင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။
(၅) ကြင်နာတတ်တဲ့ နှလုံးသားထားရှိပါ။
(၆) ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိအောင် ကြိုးစားသင်ယူလေ့လာပါ။
(၇) အလုပ်အပေါ်သစ္စာရှိပါ။
(၈) ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ စိတ်နဲ့မနေထိုင်ပါနဲ့။
(၉) ကိုယ်ချစ်ခင်တဲ့ လူတွေအပေါ် ကောင်းကောင်းမွန်မွန် ထိတွေ့ဆက်ဆံပါ။
(၁၀) မိဘဂုဏ်မယူတဲ့အရာတိုင်းကို ဘယ်တော့မှ မလုပ်မိပါစေနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top