Healthy Life Ad
Q & A

ဖန်စီနားကပ်၊ ခါးပတ်ကြောင့် ယားယံနီမြန်းခြင်း

ဒေါက်တာမြတ်စန္ဒာကျော် အရေပြားအထူးကု ဆရာဝန်ကြီး၊ ပါမောက္ခ၊ မြောက်ဥက္ကလာပဆေးရုံကြီး။

မေး အခုခေတ်ပေါ်တဲ့ ဖန်စီနားကပ်တွေ ဝတ်ရင် ကျွန်မနားတွေနီလာပါတယ်။ ယားလည်း ယားပါတယ်၊ ဘောင်းဘီဝတ်လို့ ခါးပတ် ပတ်ရင်လည်း ခါးပတ်ခေါင်းနေရာက ယားပါတယ်။ ယားတော့ ကုတ်မိရာက အစင်းကြောင်းတွေဖြစ်ကုန်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲရှင့်။
ယုဇန၊ အလုံ။

ဖြေ ဖြစ်နိုင်တာက သတ္တုနဲ့ မတည့်တာ ဖြစ်နိုင်ပါတယ်။ သုံးလိုက်တဲ့ ခါးပတ်ခေါင်းမှာရော၊ နားကပ်မှာပါ သတ္တုပါနေတာ ဖြစ်ပါလိမ့်မယ်၊ သတ္တုနဲ့ ဓာတ်မတည့်တာက အတွေ့ရများပါတယ်။ သတ္တုနဲ့ မတည့်ဘူးဆိုရင် သတ္တုပါတဲ့နားကပ်၊ ခါးပတ်ခေါင်း၊ အတွင်းခံအင်္ကျီချိတ်တွေ၊ မျက်မှန်၊ နာရီ ဘာမှသုံးလို့ မရတော့ပါဘူး။ သတ္တုနဲ့ ဓာတ်မတည့်တဲ့အတွက် နီမြန်းယားယံနေတဲ့အရေပြားကို ရေခဲဖတ်လေး တင်ရပါမယ်။ အယားပျောက်ဆေးနဲ့ ယားနာပျောက်လိမ်းဆေး လိမ်းပေးဖို့လိုပါတယ်။ ယားတိုင်းမကုတ်ပါနဲ့။

Most Popular

Healthy Life Ad
To Top