Healthy Life Ad
International

ဦးခေါင်းအစားထိုးကုထုံးသစ်ကို တရုတ်ကျန်းမာရေးအဖွဲ့အစည်းမှ ကန့်ကွက်

၊ ကိုထက် ၊

တရုတ်နိုင်ငံ ခန္ဓာကိုယ်အစားထိုးကုသမှု အနောက်တိုင်းနိုင်ငံတွေမှာ စမ်းသပ်လာကြတဲ့ ဦးခေါင်း အစားထိုးခွဲစိတ်ကုသမှုကို ပုံမှန်ဖြစ်စဉ်ကိုဖောက်ပြန်ပျက်စီးစေမယ့်နည်းဖြစ်တယ်လို့ အဖွဲ့အစည်းကပြောဆိုပြီး ကန့်ကွက်လျက်ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ကိုယ်ခန္ဓာအစိတ်အပိုင်း လှူဒါန်းခြင်းနဲ့ အစားထိုးခွဲစိတ်ခြင်းဆိုင်ရာ ဒါရိုက်တာ ဟောင်ဂျင်ဖူက ဦးခေါင်းအစားထိုးတာက ကျော်ကြားမှုသက်သက်အတွက် ပြုလုပ်နေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဒုတိယကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ဟောင်ဟာ လွန်ခဲ့တဲ့နှစ်ပတ်က လူသေခန္ဓာနဲ့ ဦးခေါင်းအစားခွဲစိတ်မှုစမ်းသပ်ချက်ရလဒ်တွေ ထုတ်ပြန်စဉ်ထဲက ဒီခွဲစိတ်မှုဟာ လူကျင့်ဝတ်တွေနဲ့ မညီဘူးလို့ ပြောဆိုခဲ့သူဖြစ်ပါတယ်။ “တရုတ်နိုင်ငံမှာ ဒီခွဲစိတ်မှုတွေဖြစ်လာမှာမဟုတ်ပါဘူး… ဒီလိုပြုလုပ်ခဲ့တဲ့သူတွေမှာလည်း နောက်ဆက်တွဲ လူကျင့်ဝတ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပြဿနာတွေဖြစ်လာ နိုင်တယ်”လို့ လွန်ခဲ့တဲ့နှစ်ပါတ်ခန့်က ဟာဘင်ဆေးတက္ကသိုလ်မှ ပါမောကရမ်ရှောင်ပင်းနဲ့ အီတလီ အာရုံကြောဆရာဝန် ကနဗီရိုတို့ရဲ့ ၁၈ နာရီကြာ အာရုံကြောနဲ့ ကျောရိုးခွဲစိတ်မှုရလဒ်တွေကို ကြောငြာအပြီးမှာ သူကပြောခဲ့ပါတယ်။

ဟောင်ရဲ့ ကန့်ကွက်ရှုံ့ချမှုပြောပြီး မကြာမှီ ကနဗီရိုမှ ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်မှာ ဒီစမ်းမှုကို သက်ရှိလူနာနဲ့ မကြာခင်မှာ လက်တွေ့စမ်းသပ်တော့မှာဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ သိပ်မကြာခင်မှာ ကျောရိုးကြွက်သားပျက်စီးသူတွေ ဒါမှမဟုတ် ကင်ဆာဝေဒနာရှင်တွေကိုလည်း ကုသဖို့ အစီအစဉ်တွေရှိကြောင်း ပြောခဲ့ပါတယ်။

“ကျွန်တော့က သိပံ္ပပညာရှင်၊ လူ့ကျင့်ဝတ် ကျွမ်းကျင်ပညာရှင် မဟုတ်ပါဘူး၊ ကျွန်တော့် အလုပ်က ဦးခေါင်းအစားထိုးခွဲစိတ်ကုထုံးအတွက် လိုအပ်တဲ့ နည်းပညာတွေ ရှာဖွေထောက်ပံ့ဖို့ဖြစ်ပါတယ်”လို့ ရမ်ကလည်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဟောင်ကလည်း အခုလက်ရှိ ကမ္ဘာပေါ်မှာ ကိုယ်အင်္ဂါအစားထိုးကုသမှုတွေအတွက် တရားမဝင် ကိုယ်အင်္ဂါခိုးယူမှုတွေ ရောင်းချမှုတွေများပြားနေပြီး အကျဉ်းသားတွေနဲ့ အောက်ခြေလူတန်းစားများစွာ နစ်နာလျက်ရှိတယ်လို့ပြောပြီး မလိုအပ်တဲ့ နောက်ဆက်တွဲမတရားမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
အခုလို ဦးခေါင်းအစားထိုးတာကို အချိန်ကုန်လူပင်ပန်းစွာလုပ်နေမယ့်အစား အာရုံကြောထိခိုက်မှုကြောင့် မသန်စွမ်းဖြစ်နေသူတွေကို အာရုံကြောပြန်လည်ကောင်းမွန်စေရန် ကုထုံးသစ်ကို မရှာဖွေသင့်ဘူးလားလို့ မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top