Healthy Life Ad
News

လက္ခဏာမပြဘဲ အခြားသူဆီ ၄၉ ရက်ကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်သော လူနာကို တရုတ်သုတေသီတို့ တွေ့ရှိ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကိုရိုနာဗိုင်းရပ်စ် ၄၉ ရက်ကြာတဲ့အထိ ရှိနေတဲ့ လူနာတစ်ဦးမှာ နာတာရှည် အသွင်ပြောင်းဗိုင်းရပ်စ် မျိုးစိတ်အသစ်တစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ တရုတ်လေ့လာသူတွေက ဆိုပါတယ်။ လူနာက သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မရှိဘဲ တခြားသူတွေဆီကို ပိုးကူးစက်နိုင်စွမ်း ကြာရှည်နေတာဖြစ်တယ်လို့ ဝူဟန်က တရုတ်လေ့လာသူတွေက ဆိုထားပါတယ်။ သူ့မှာ အဖျားငွေ့ နည်းနည်းလေးသာရှိပြီး ချောင်းဆိုးခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူမဝခြင်းနဲ့ တခြား COVID-19 လက္ခဏာ ဘာမှမရှိခဲ့ပါဘူး။ CATအဖြေအရ သူ့အဆုတ်နှစ်ဖက်စလုံးမှာ အလုံးလေးတွေ ပြခဲ့ပေမယ့် ဆေးရုံတက်ပြီး ရက်အနည်းငယ်အတွင်း လုံးဝပျောက်သွားခဲ့ကာ ကိုယ်အပူချိန်ကလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်က Positive ပဲပြနေပြီး ပြင်းထန်တဲ့လူနာတွေနည်းတူ ဗိုင်းရပ်စ်ပမာဏက မြင့်မားနေခဲ့ပါတယ်။

ပုံမှန်ကုသမှုတွေနဲ့သူ့ကိုယ်တွင်းက ဗိုင်းရပ်စ်တွေကို မတိုက်ထုတ်နိုင်ဘဲ ဗိုင်းရပ်စ်ပိုးကူးစက်စေနိုင်ဆဲပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပျောက်ကင်းပြီး COVID-19 လူနာတွေဆီက သွေးရည်ကြည်သွင်းကုသခဲ့ရာ နှစ်ရက်အကြာမှာ COVID-19 Negative (ပိုးမတွေ့) ပြခဲ့ပါတယ်။ အရင်မှတ်တမ်းအရ ဗိုင်းရပ်စ်က ၃၇ ရက်အထိ ရှင်သန်နိုင်တယ်ဆိုထားပေမယ့် ဒီရှားပါးတဲ့ ဖြစ်ရပ်ကတော့ ဗိုင်းရပ်စ်အကြာဆုံး ရှိနေတာပါပဲ။ ဒီလို နာတာရှည် ပိုးကူးစက်ခံရတဲ့ လူနာတွေကို လျစ်လျှူရှုထားလိုက်မိရင် သူတို့ပတ်ဝန်းကျင်ကို ပိုးကူးစက်ပြန့်ပွားရာက နောက်ထပ် အစုလိုက်အပြုံလိုက် ရောဂါဖြစ်ပွားမှု ထပ်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။

(Ref;nypost)

Most Popular

Healthy Life Ad
To Top