Healthy Life Ad
Life Style

အတုံ့အလှည့် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သခင်ရဲ့ဆိုးဆိုးရွားရွား ပြုမူနှိပ်စက်ခြင်း ခံရတဲ့ ကျွန်တစ်ယောက်က တောထဲကို ပြေးလာခဲ့ပါတယ်။ သူလာတဲ့လမ်းမှာ ခြင်္သေ့တစ်ကောင်က ခြေဖဝါးမှာ ဆူးစူးပြီး နာကျင်မှုခံစားနေရတာကို တွေ့လိုက်ရပါတယ်။ ကျွန်ဖြစ်သူလည်း ခြင်္သေ့ဆီကို ရဲရဲဝံ့ဝံ့သွားပြီး ဆူးကို ညင်ညင်သာသာ ဖယ်ရှားပေးလိုက်ပါတယ်။ ခြင်္သေ့က သူ့ကို ဘာအန္တရာယ်မှမပြုဘဲ ပြေးသွားခဲ့ပါတယ်။

ရက်အနည်းငယ်ကြာပြီးချိန်မှာ ကျွန်ရဲ့ သခင်ဖြစ်သူဟာ တောထဲကိုအမဲလိုက်ဖို့ ရောက်လာခဲ့ပြီး တိရစ္ဆာန်အများအပြားကို ဖမ်းဆီးကာ လှောင်အိမ်ထဲ ထည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သခင်ရဲ့ လူတွေက ကျွန်ဖြစ်သူကို ခြေရာခံမိရာက သူ့ကို ရက်စက်လှတဲ့ သခင့်ဆီ ခေါ်ဆောင်ခဲ့ပါတော့တယ်။ သခင်ဖြစ်သူက ကျွန်ကို ခြင်္သေ့လှောင်အိမ်ထဲပို့လိုက်ပါတယ်။

ဒီလိုနဲ့ ကျွန်ဖြစ်သူလည်း လှောင်အိမ်ထဲမှာ သူ့သေနေ့ကို စောင့်ဆိုင်းနေတော့တာပေါ့။ ခြင်္သေ့ ရောက်လာချိန်မှာ သူကူညီခဲ့တဲ့ ခြင်္သေ့ဆိုတာ သူမှတ်မိသွားပါတယ်။ ခြင်္သေ့က သူ့ကို လွှတ်ပေးခဲ့တဲ့အခါ ကျွန်ဖြစ်သူကလည်း တခြားလှောင်အိမ်ထဲက တိရစ္ဆာန်တွေအားလုံးကို လွှတ်ပေးလိုက်ပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top