Healthy Life Ad
Health Tips

ရာသီဥတုအေးမြချိန်မှာ မျက်နှာကို လက်နဲ့ထိတွေ့မှု ရှောင်ကြဉ်ပါ

လရိပ်မေ

ရာသီဥတု အေးမြချိန်မှာ လက်ကိုဆပ်ပြာနဲ့ ရေသုံးပြီး မကြာခဏ ဆေးကြောသန့်စင်မှု မလုပ်ဖြစ်ကြပါဘူး။ အဲဒီအချိန်မှာ ညစ်ပေနေတဲ့လက်နဲ့ မျက်နှာကိုထိတွေ့တာ၊ ပွတ်သပ်တာ၊ အဖုအပိမ့်တွေကိုဖဲ့ဆိတ်တာ စတာတွေ ပြုလုပ်နေရင် မျက်နှာအပြစ်အနာအဆာတွေ ဖြစ်လွယ်စေပါတယ်။ ဒါ့အပြင် မျက်နှာအရေပြားကိုလည်း နီမြန်းစေနိုင်ပါတယ်။

သတိထားပါ
မျက်နှာပေါ် လက်မတင်မိစေဖို့နဲ့ လက်နဲ့ ပွတ်သပ်မှု မလုပ်ဖြစ်စေဖို့ သတိထားပါ။

စိတ်လှုပ်ရှားချိန်တွင် လက်ဖဝါး နှစ်ဖက်ကို ယှက်ထားပါ
တချို့လူတွေက ပူပင်သောကများတဲ့အခါမှာ မေးစေ့ကို လက်နဲ့ပွတ်သပ်တတ်ပါတယ်။ တချို့က စိတ်လှုပ်ရှားတဲ့အခါ မျက်နှာကို လက်နဲ့ချွေးသုတ်တတ်ပါတယ်။ တချို့က ပျင်းရိတဲ့အခါ မျက်စိကို လက်နဲ့ပွတ်သပ်တတ်ပါတယ်။ ဒီလိုအခြေ အနေတွေမှာ မျက်နှာကို အလိုအလျောက် ထိတွေ့သွားတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို မဖြစ်စေဖို့ စိတ်လှုပ်ရှားချိန်မှာ လက်ဖဝါးနှစ်ဖက်ကိုယှက်ထားပါ။ ဒါမှမဟုတ် စိတ်ဖိစီးမှုဖြစ်တဲ့ အခါ ညှစ်ပေးရတဲ့ Stress Ball ကိုညှစ်ပေးပါ။

မှန်ကြည့်ပါ
မျက်နှာကို လက်နဲ့ပွတ်သပ်တတ်တဲ့အကျင့် ရှိရင် ဒါမှမဟုတ် နဖူးနဲ့ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို သပ်တင်တတ်တဲ့အကျင့်ရှိရင် သင့်စားပွဲခုံမှာ မှန်တစ်ချပ်ထားပြီး အရင်ဆုံးကြည့်လိုက်ပါ။ ပြီးမှ မျက်နှာနဲ့ လက်ထိတွေ့မှုအနည်းဆုံးဖြစ်စေမယ့် အနေအထားနဲ့ ဆံပင်တွေကိုသပ်တင်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top