Healthy Life Ad
Q & A

သွေးတိုးရှိရင် အချိုရည်သောက်နိုင်သလား . . .

မေး. သွေးတိုးရှိရင် အချိုရည်သောက်လို့ရပါသလား။ အချိုရည်သောက်ရင် သွေးတိုးကျတယ်လို့ ပြောလို့ပါ။ ဟုတ်ပါသလားရှင့်။
ဒေါ်နီ၊ ကမာရွတ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. တချို့လူနာတွေက သွေးတိုးရှိရင် အချိုရည်သောက်ပေးရင် သွေးတိုးကျတယ်ဆိုပြီး ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဆီကြော်မုန့်တွေဖြစ်တဲ့ ဘူးသီးကြော်၊ ဘယာကြော်တွေစားတာကလည်း သွေးတိုးစေပါတယ်။ လူနာတွေကမသိပါဘူး။ သွေးတိုးပဲရှိတာ၊ ဆီးချိုမရှိဘူးဆိုပြီး ဆီကြော်မုန့်တွေ၊ အနီရောင်ရှိတဲ့အသားတွေ၊ အချိုရည်တွေ၊ အချိုများတဲ့မုန့်တွေ စားကြပါတယ်။ သွေးတိုးရောဂါဖြစ်ရင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ရှောင်ရမယ်ဆိုတာ လူတိုင်းသိပေမယ့် အချိုကဲတဲ့အစာတွေ၊ ဆီကြော်မုန့်တွေ၊ အနီရောင်ရှိတဲ့ အသားတွေကို ရှောင်ရမယ်ဆိုတာတော့မသိကြပါဘူး။ တကယ်တော့ ရှောင်ရမှာပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top