Healthy Life Ad
Health Tips

တွဲကျနေသော အသားအရေအတွက် အိမ်တွင်းကုထုံး

လရိပ်မေ

ကြက်ဥအကာ
ကြက်ဥအကာတစ်လုံး ဒါမှမဟုတ်နှစ်လုံးကို အမြှုပ်ရတဲ့အထိမွှေပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းမှာ သုတ်လိမ်းပြီး ၂၀-၃၀ မိနစ်ကြာထားပါ။ ပြီးမှ ရေအေးနဲ့ ဆေးကြောလိုက်ရမှာပါ။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်သားကို ယူပြီး မျက်နှာနဲ့ လည်ပင်းပေါ်မှာ လိမ်းပေးဖို့ပါ။ ၁၅-၂၀ မိနစ်အကြာထားပြီးမှ ကြက်သီးနွေးရေနဲ့ဆေးကြောပေးရမှာပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ အကြိမ်များများပြုလုပ်နိုင်ပါတယ်။

လီမွန်သီး
လိမွန်သီးအရည် လတ်လတ်ဆတ်ဆတ် ညှစ်ယူပြီး မျက်နှာနဲ့ လည်ပင်းမှာ ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ အချိန် ၅-၁၀ မိနစ်အကြာမှာ မျက်နှာသစ်ပေးပါ။ တစ်နေ့ ၂-၃ ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

သခွားသီး
သခွားသီးစိတ်ကို ညက်အောင်ထောင်းပြီး အရည်ညှစ်ကာ မျက်နှာပေါ်သုတ်လိမ်းပါ။ ခြောက်သွေ့မှ ရေအေးနဲ့ဆေးချလိုက်ပါ။ တစ်နေ့တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

သံလွင်ဆီနှင့် နှိပ်နယ်ခြင်း
သံလွင်ဆီကို နွေးအောင် ခဏအပူပေးပါ။ပြီးရင် မျက်နှာနဲ့ အရေပြားပေါ်ဆီသုတ်လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ခန့် လက်ချောင်းထိပ်လေးတွေသုံးပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top