Healthy Life Ad
Health Tips

စိတ်ဖိစီးမှုများခြင်းကြောင့် ၁၀ နှစ်ကြာချိန်ဖြစ်တတ်သော အပြောင်းအလဲများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အလုပ်မှာ စိတ်ဖိစီးမှုများတဲ့အခါ စိတ်ဖိစီးမှု ပြေပျောက်သွားစေဖို့ သင်ဘယ်လိုအလေ့အထတွေကို လိုက်နာတတ်ပါသလဲ။ တကယ်လို့ စိတ်ဖိစီးမှုကို ကောင်းကောင်း မထိန်းချုပ်ရင် ဒါမှမဟုတ် အရက်၊ ဆေးလိပ်စတာတွေသောက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ကြိုးစားရင် သင့်မျက်နှာဟာ ၁၀နှစ်အကြာမှာ သိသိသာသာ အိုမင်းနေပါလိမ့်မယ်။

အစက်အပြောက်များ ပိုများလာခြင်း
ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဝက်ခြံနဲ့ စိတ်ဖိစီးမှုက တိုက်ရိုက်အချိုးကျနေပါတယ်။ သင့်မှာ ဝက်ခြံတွေများနေရင် စိတ်ဖိစီးမှုအဆင့်ကို ဆန်းစစ်ကြည့်ပါ။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်ကို တုံ့ပြန်ပေးပြီး ချွေးပေါက်ပိတ်ကာ အဖုအပိ့မ်၊ အစက်အပြောက်တွေထင်စေတတ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ အဒရီနယ်ဂလင်းဟာ အလွန်အမင်းအလုပ်လုပ်ပြီးကော်တီစောနဲ့ အဒရီနယ်လင်ဟော်မုန်းတွေ အထွက် များလာတတ်ပါတယ်။

ဆံပင် ပိုဖြူလာခြင်း
စိတ်ဖိစီးမှုများတာကြောင့် ဆံပင်ဖြူစေတာ ဖြစ်ပါတယ်။

အရွယ်မတိုင်မီ အိုမင်းခြင်း
စိတ်ဖိစီးမှုကြောင့် မျက်အိတ်ပေါ်တာ၊ ဆံပင်ဖြူတာနဲ့ အရေးကြောင်းထင်တာတို့ ပိုပြီး ဖြစ်စေနိုင်ပါတယ်။ ဒါက လိင်အင်္ဂါတွေကနေ အန်ဒရိုဂျင်ဟော်မုန်းပိုအထွက်များတာကြောင့် ဝက်ခြံပိုထွက်စေနိုင်ပါတယ်။

အသားအရေ မှေးမှိန်ခြင်း
စိတ်ဖိစီးမှုများတဲ့အခါ သွေးစီးဆင်းမှုနှေး ကွေးသွားပြီး ကြွက်သားတွေထဲကို သွေးတွေညှစ်ထုတ်ပေးတဲ့အတွက် အသားအရေ မှေးမှိန်ဖျော့တော့ရတာဖြစ်ပါတယ်။

မျက်အိတ်ဖြစ်ခြင်း
စိတ်ဖိစီးမှုများတာကြောင့် အိပ်ချိန် အပြည့်အဝမအိပ်စက်နိုင်တဲ့အခါ မျက်လုံးအောက်မှာ ဖောင်းပြီး မျက်အိတ်ဖြစ်နေတတ်ပါတယ်။

အိုမင်းနှုန်း မြန်ခြင်း
အမေရိကန်လေ့လာမှုတစ်ရပ်အရ စိတ်ဖိစီးမှုများတဲ့ အလုပ်အကိုင်တွေလုပ်နေရတဲ့ အမျိုးသမီးတွေဟာ ဆဲလ်တွေ ၁၀ နှစ်ခန့် ပိုအိုမင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။

မေးရိုး အရွယ်အစားကြီးခြင်
စိတ်ဖိစီးမှုများတဲ့အတွက် သွားကြိတ်ရာက မေးရိုးအရွယ်အစား ကြီးလာတတ်ပါတယ်။ ဒါကြောင့် သွားမကြိတ်အောင် အိပ်ရာမဝင်ခင် စိတ်ဖိစီးမှုပြေလျော့စေရေးအတွက် တစ်ကိုယ်လုံးကို ဖြေလျှော့ပေးဖို့လိုပါတယ်။

အရေပြား တွဲကျခြင်း
စိတ်ဖိစီးမှုများတာကြောင့် သွေးစီးဆင်းမှု လျော့နည်းကာ ရေဓာတ်ခမ်းခြောက်ပြီး အရေပြားကနေ ဗီတာမင်၊ သွေးနဲ့ အစိုဓာတ်တွေ လျော့ပါးသွားတတ်ပါတယ်။ ဒါကြောင့် အရေပြားတွဲကျရတာပါ။

အရေးကြောင်း ပါးပါးထင်ခြင်းနှင့် အသားအရေခြောက်သွေ့ခြင်း
စိတ်ဖိစီးမှုဟာ အဆီလို့ခေါ်တဲ့အရေပြားရဲ့ ကိုယ်ပိုင်အကာအကွယ်အဆီလွှာကို လျော့ပါးစေပါတယ်။ အဲဒီအဆီလွှာဟာ အကောင်းဆုံး အစိုဓာတ်ထိန်းခရင်မ်တွေနဲ့တောင် ပြန်လည်အစားထိုးနိုင်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုအများဆုံးဖြစ်နေသူတွေမှာ အသားအရေက သိသိသာသာခြောက်သွေ့နေရတာဖြစ်ပါတယ်။

အရေပြား နီမြန်းခြင်း
စိတ်ဖိစီးမှုဟာ အရေပြားရောင်ရမ်းစေတဲ့ အဓိက သော့ချက်ဖြစ်ပြီး အရက်၊ ဝိုင်နီသောက်သုံးတဲ့နည်းနဲ့ စိတ်ဖိစီးမှုကို တွန်းလှန်ရင် အရေပြားနီမြန်းတဲ့ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ နှင်းခူ၊ ဆိုးရီးယေးစစ် အစရှိတဲ့ အရေပြား ရောင်ရမ်းမှုဝေဒနာတွေဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top