Healthy Life Ad
International

တီဗီကြည့်ရင်း ညစာစားတတ်သူများ အဝလွန်ရန် ရာခိုင်နှုန်းမြင့်မား

၊ မိုးမင်းထွန်း ၊

အစာစားချိန်မှာ တီဗီမကြည့်တဲ့ အသက်အရွယ်ကြီးသူတွေမှာ ၄၀ ရာခိုင်နှုန်းနဲ့ အိမ်ထမင်း၊ အိမ်ဟင်းစားသူတွေမှာ ၂၆ရာခိုင်နှုန်း အဝလွန်နိုင်ခြေလျော့နည်းတယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။

အမေရိကန်သုတေသီတွေက အိုဟိုင်းအိုးဒေသခံ ၁၂၈၄၂တို့ရဲ့ စားသောက်ပုံအမူအကျင့်တွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ပါဝင်သူတွေကို မိသားစုနဲ့အိမ်မှာ စားတဲ့ အကြိမ်အရေအတွက်၊ တီဗီကြည့် ရင်းအစာစားတဲ့ အကြိမ်အရေအတွက်နဲ့ အိမ်ထမင်း၊ အိမ်ဟင်းစားတဲ့ အကြိမ်အရေအတွက်တွေကို မေးမြန်းခဲ့ပါတယ်။ ပါဝင်သူတွေရဲ့ ခန္ဓာကိုယ် အညွှန်းကိန်း(BMI)နဲ့ မေးမြန်းရရှိတဲ့အချက်အလက်တွေကို တွက်ချက်ခဲ့ကြပါတယ်။

အစာစားရင်း တီဗီကြည့်တတ်သူတွေမှာ အဝလွန်နိုင်ခြေ ၄၀ ရာခိုင်နှုန်းနဲ့ အပြင်စာအစားများသူတွေမှာ ၂၆ ရာခိုင်နှုန်း ပိုမိုမြင့်မားတာကို တွေ့ရှိခဲ့ပါတယ်။ တီဗီကြည့်ရင်း အစာပိုများများစား ဖြစ်တတ်သလို သရေစာပိုမိုစားတတ်တာကြောင့်နဲ့ အပြင်စာတွေက အိမ်မှာ ချတ်ပြုတ်တာတွေလောက် ကျန်းမာရေးနဲ့မညီညွတ်တာကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ ဦးဆောင်သုတေသီအိုဟိုင်းအိုးကောလိပ်မှ ရေချယ် တူးမင်းက ရှင်းပြပါတယ်။ အစာစားချိန်မှာ တီဗီပိတ်ထားသင့်ပြီး ချက်ပြုတ်ချိန်မရှိပါကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပြင်စာတွေကို ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း တူးမင်းကအကြံပြုထားပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top