Healthy Life Ad
Q & A

လေဖြတ်ခြင်းနှင့် အစားအသောက်

မေး ။ လေဖြတ်တာ အစားအသောက်နဲ့ ဆိုင်ပါသလားရှင့်။
ဒေါ်မြသွေး၊ တာမွေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ လေဖြတ်တာက အစားအသောက်နဲ့ ဆိုင်ပါတယ်။ လေဖြတ်တာ (Stroke) မှာ သွေးတိုးပြီး သွေးကြောပြတ်တာနဲ့ သွေးကြောပိတ်တာကြောင့် ဖြစ်တတ်ပါတယ်။
(၁) အဆီအအိမ့်များတဲ့ အစားအသောက်တွေ စားရင် လေဖြတ်တတ်ပါတယ်။
(၂) ငန်လွန်းတဲ့ အစားအသောက်တွေ စားရင် လေဖြတ်တတ်ပါတယ်။
(၃) လုံးဝ မလှုပ်ရှားတဲ့သူတွေမှာလည်း လေဖြတ်တတ်ပါတယ်။ မလှုပ်ရှားတော့ ကိုယ်အလေးချိန်များတတ်ပါတယ်။ အဲဒီကနေ နောက်ဆက်တွဲရောဂါတွေ ဝင်လာတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top