Healthy Life Ad
Health Tips

ဆောင်းရာသီတွင် အဖြစ်များသော ဓာတ်မတည့်မှုများအတွက် ဖြေရှင်းနည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဆောင်းဦးရာသီမှာအဖြစ်များတဲ့ ဓာတ်မတည့်မှု ပြဿနာတွေသက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာပေးသင့်ပါတယ်။

ပြဿနာ- ယားယံခြင်း
ဆောင်းဦးရာသီမှာ သင့်မျက်နှာကပန်းဝတ်မှုန်၊ ဖုန်မှုန့်နဲ့ မှိုပိုးတွေလို ဓာတ်မတည့်မှုဖြစ်အောင် လှုံ့ဆော်တတ်တဲ့ အရာတွေနဲ့ထိတွေ့မှုများတာကြောင့် အရေပြားရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဟစ္စတာမင်းထွက်ရှိမှုကြောင့် သွေးကြောတွေကိုကျယ်စေပြီး အရေပြားနီမြန်းယားယံတာကိုဖြစ်စေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းသင့်သလဲ
အပြင်ကနေ အိမ်ရောက်တာနဲ့ မျက်နှာကို ချက်ချင်း ဆေးကြောသန့်စင်ပေးပါ။ မျက်နှာအရေပြားရဲ့ ထိပ်ဆုံးအလွှာ သန်စွမ်းကျန်းမာအောင် ပြုပြင်ပေးမယ့် Linolenic Acid ပါတဲ့ ခရင်မ်ကို လိမ်းပေးပါ။

ပြဿနာ- နှာခေါင်းနီမြန်းခြင်း
နှာခေါင်းနီမြန်းမှုပြဿနာအများစုဟာ လေထုခြောက်သွေ့မှုကြောင့် ဖြစ်တတ်ပါတယ်။ နှာခေါင်းရောင်ရမ်းတာ ကြောင့် နှာချေတာ၊ နှာပိတ်တာနဲ့ နှာရည်ယိုတာတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းသင့်သလဲ
နှာခေါင်းကို တစ်သျှူးနဲ့ထိတွေ့တဲ့အခါ နူးညံ့ပြီး အမျိုးအစားကောင်းတဲ့တစ်သျှူးကို သုံးကာ ညင်ညင်သာသာသုတ်ပေးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝဖို့နဲ့ ရောင်ရမ်းမှုလျော့ကျစေဖို့အတွက် မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ Niacinamide ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ဆိုရင် ပိုကောင်းပါတယ်။

ပြဿနာ- မျက်ကွင်းညိုခြင်း
ဓာတ်မတည့်မှုကြောင့် မျက်စိယားယံမှုဖြစ်တတ်ပါတယ်။ မျက်စိယားယံတာကြောင့် မျက်စိကိုပွတ်သပ်တာက ကြာလာတဲ့အခါမှာ မျက်စိတစ်ဝိုက်ရှိအရေပြားကို ညိုမည်းလာစေနိုင်ပါတယ်။ မျက်စိတစ်ဝိုက်မှာ အရည်စုဆောင်းတာကြောင့် မျက်စိဖောင်းအစ်မှုကို ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းသင့်သလဲ
ဓာတ်မတည့်မှု သက်သာလျော့ပါးစေမယ့် မျက်စဉ်းဆေးကို ဆရာဝန်ကို မေးပြီးထည့်ပါ။ မျက်စိယားယံလာရင် ဝါဂွမ်းစကို ရေဆွတ်ပြီး ညှစ်ကာမျက်စိပေါ်တင်ထားပေးပါ။ မျက်စိအောက်က အဆီအိတ်လျော့ပါးစေဖို့ ဆားလျှော့သောက်တာ၊ ရေများများသောက်တာနဲ့ ပက်လက်လှန်အိပ်တာ စတဲ့နည်းတွေကိုလိုက်နာသင့်ပါတယ်။ အိုင်းခရင်မ်အနေနဲ့ Chamomile ပါတဲ့ အရောင်ကျဆေးကို သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top