Healthy Life Ad
Life Style

လူအများသိလိုသော အသည်းကျန်းမာရေးဆိုင်ရာ အမေးအဖြေများ (၆)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)
ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိသူတွေ ဘယ်လိုအစားအသောက်တွေကို ရှောင်ရမလဲ။
လှလှဝင်း(FB)

ဖြေ. ဘီပိုးရှိသူတွေ အဓိကအားဖြင့် အရက်ကိုရှောင်ပါ။ ဝိုင်ကလည်းအရက်ပဲ၊ ဘီယာလည်းအရက်ပဲ၊ အရက်ဆိုအကုန်လုံး ရှောင်သင့်ပါတယ်။ ဆေးလိပ်လည်းရှောင်ပါ၊ ကွမ်းစားတာကိုလည်းရှောင်ပါ။ ဘီပိုးလည်းရှိတယ်၊ အသည်းမှာလည်း အဆီဖုံးတယ်ဆိုရင် အသည်းခြောက်တာ ပိုဖြစ်နိုင်ပါတယ်။ တခြားဆင်ခြင်ရမယ့်အရာတွေက ဆိုးဆေးပါတဲ့ ဖျော်ရည်၊ မျှစ်၊ အချဉ်ထုပ်၊ အချဉ်ရည် စတာတွေဖြစ်ပါတယ်။ တချို့ ရေခဲမုန့်တွေဆို လက်တွေတောင်စွန်းတဲ့အထိ ဆိုးဆေးထည့်ထားပါတယ်။

အဲဒီလို အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ ပြီးတော့ မှိုတက်တတ်တဲ့ငရုတ်သီး၊ မြေပဲမှာ တက်တဲ့မှို၊ နှမ်းမှာတက်တဲ့မှို . .အဲဒီမှိုတွေကနေ အယ်လ်ဖလာတောက်စင်ထွက်တယ်။ အဲဒါက အသည်းနဲ့မတည့်ဘူး၊ ဘီပိုးရှိသူတွေ အယ်လ်ဖလာတောက်စင်မှိုပိုးနဲ့ဆိုရင် နာတာရှည်အသည်းရောင်တာ၊ အသည်းခြောက်တာတွေ ပိုဖြစ်လွယ်တတ်ပါတယ်။ ဒါကြောင့် အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းစားပါ၊ တည့်ပါတယ်။

အားဆေးသောက်လို့ ရလားလို့လည်း မေးကြပါတယ်။ အားဆေးနဲ့တည့်ပါတယ်။ ဒါပေမဲ့ ကိုယ်သောက်တဲ့အားဆေးမှာ သံဓာတ်ပါရင်တော့ မသောက်ဖို့လိုပါတယ်။ သံဓာတ်က လိုတာထက်ပိုများသွားရင် အသည်းမှာသွားစုပြီး အသည်းခြောက်တာ ပိုဖြစ်လွယ်ပါတယ်။

ဆေးတွေထဲမှာ ပါရာစီတမောက အစာအိမ်နဲ့ တည့်တဲ့အတွက် အန္တရာယ်ကင်းတယ်၊ ဒါပေမဲ့ အသည်းနဲ့ မတည့်တဲ့အတွက် အသည်းသမားတွေကို တတ်နိုင်သမျှ ပါရာစီတမောဆေးရှောင်ခိုင်းပါတယ်။ အသည်းခြောက်တဲ့သူဆိုရင် အစာအိမ်သွေးယိုတတ်တဲ့ အက်စ်ပရင်၊ အနာဂျက်ဆင်ဆိုရင် ပိုပြီးရှောင်ခိုင်းပါတယ်။ ဘီပိုးရှိတယ်၊ အသည်းခြောက်တယ်ဆိုရင် အိုင်ဗျူပရိုဖန်တို့လို တခြားအကိုက်အခဲပျောက်ဆေးတွေကို ညွှန်ပါတယ်။ ပိုကောင်းတာကတော့ . . .

ဆေးတွေထဲမှာ ပါရာစီတမောက အစာအိမ်နဲ့တည့်တဲ့အတွက် အန္တရာယ်ကင်းတယ်၊ ဒါပေမဲ့ အသည်းနဲ့ မတည့်တဲ့အတွက် အသည်းသမားတွေကို တတ်နိုင်သမျှ ပါရာစီတမောဆေး ရှောင်ခိုင်းပါတယ်။ အသည်းခြောက်တဲ့သူဆိုရင် အစာအိမ်သွေးယိုတတ်တဲ့ အက်စ်ပရင်၊ အနာဂျက်ဆင်ဆိုရင် ပိုပြီးရှောင်ခိုင်းပါတယ်။ ဘီပိုးရှိတယ်၊ အသည်းခြောက်တယ်ဆိုရင် အိုင်ဗျူပရိုဖန်တို့လို တခြားအကိုက်အခဲပျောက်ဆေးတွေကို ညွှန်ပါတယ်။ ပိုကောင်းတာကတော့ အဖျားရှိနေရင် အကိုက်အခဲပျောက်ဆေး မသောက်ဘဲနဲ့ ရေပတ်တိုက်ပေးတာတို့၊ အိပ်မပျော်ရင် အိပ်ပျော်စေမယ့် ဆေးလေးပေးတာတို့ . . ဒီလိုနည်းနဲ့ဆိုရင် ပိုပြီးကောင်းပါတယ်။

မေး. ဘီပိုးကာကွယ်ဆေးက ဘယ်လောက်အထိ ကာကွယ်မှုပေးနိုင်ပါသလဲ။
မိုးခင်ထွေး၊ တာမွေ။

ဖြေ. ဘီပိုးကာကွယ်ဆေးက အရမ်းကောင်းပါတယ်။ ၁၉၈၁ ခုနှစ်ကတည်းကပေါ်တာပါ။ ကာကွယ်ဆေးလွှမ်းခြုံမှုက ဆေးထိုးထားသူတွေရဲ့ ၉၈ ရာခိုင်နှုန်းအပေါ် လွှမ်းခြုံမှုရှိပါတယ်။ အခုနောက်ပိုင်း ဘီပိုးကာကွယ်ဆေးထိုးတာများလာတော့ တချို့တိုင်းပြည်တွေမှာ ဘီပိုးရှိသူဦးရေက တော်တော်လေးနည်းသွားပါပြီ။ မြန်မာနိုင်ငံမှာတောင် ဘီပိုးဖြစ်နှုန်း လျော့ကျလာပါတယ်။ အရင်တုန်းက ဘီပိုးက မြန်မာနိုင်ငံလူဦးရေရဲ့ ၁၀-၁၂ ရာခိုင်နှုန်းလောက်မှာ ရှိခဲ့တယ်။ အခု ၂၀၁၅ ခုနှစ်၊ ဆေးသုတေသနက ပြန်လည်လေ့လာလိုက်တဲ့အခါမှာ ဘီပိုးဖြစ်သူဦးရေက မြန်မာနိုင်ငံလူဦးရေရဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းလောက်မှာပဲရှိတော့တယ်။ အများကြီးပဲကျသွားပါတယ်။ နောက်ပိုင်း ကာကွယ်ဆေးတွေ ထိုးလာနိုင်ရင် ပိုကျသွားမှာပါ။ လူကြီးတွေလည်း ဘီပိုးကာကွယ်ဆေးထိုးကြတယ်။

ကလေးတွေကိုလည်း ၂၀ဝ၃ ခုနစ်ကတည်းက မြန်မာနိုင်ငံမှာ မွေးကင်းစကလေး ကာကွယ်ဆေးထိုးစီမံချက်နဲ့ ထိုးပေးနေတော့ ကလေးတွေမှာဆိုရင် ဘီပိုးဖြစ်နှုန်းက ၁ ရာခိုင်နှုန်းအောက်ကိုရောက်သွားပါပြီ။ နောက်ပိုင်းကျရင် ကလေးတွေကြီးလာရင် ကာကွယ်ဆေးထိုးပြီးသားဖြစ်တဲ့အတွက် ဘီပိုးဖြစ်နှုန်းကပိုကျသွားမှာပါ။ အရင်ရှိခဲ့တဲ့ သူတွေကတော့ ဘီပိုးရှိနေမှာဖြစ်ပြီး Tenofovir ပိုးသတ်ဆေးတွေနဲ့ ဆက်လက်ကုသဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top