Healthy Life Ad
International

ပျားအကောင် ၂၀ဝ၀ဝနဲ့ ဓာတ်ပုံရိုက်တဲ့ ကိုယ်ဝန်ဆောင်မိခင်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၃၃နှစ်အရွယ် ပျားမွေးမြူရေးခြံပိုင်ရှင်ဖြစ်သူ အီမီလီမူလာဟာ ပျားကောင်ရေ ၁ ဒသမ ၂ သန်းရှိတဲ့ ပျားအုံ ၂၄ အုံကို ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ပါတယ်။ ဒီနှစ်တစ်နှစ်တည်းမှာပဲ အကြိမ် ၃၅၀ ပျားတုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပျားတုပ်ခံရတာမမှုတဲ့သူက ပျားတွေနဲ့အတူ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

မကြာသေးခင် မနက်စောစောပိုင်းမှာ ကိုယ်ဝန်ဆောင်မိခင်အီမီလီဟာ ဝမ်းဗိုက်နဲ့ခြေထောက်တွေလုံခြုံအောင် ဝတ်ရုံရှည်ဝတ်ဆင်ခဲ့ပါတယ်။ ပျားတွေငြိမ်သက်သွားအောင် သကြားကျွေးခဲ့ပြီးနောက်မှာ ပျားဘုရင်မကိုဖမ်းကာ လှောင်ချိုင့်ထဲ ထည့်ယူခဲ့ပါတယ်။ သူကဓာတ်ပုံရိုက်မယ့်နေရာအထိ ယူသွားခဲ့ပြီး ခင်ပွန်းဖြစ်သူက ပျားအုံကိုလှုပ်ရမ်းခဲ့ပါတယ်။ လုပ်သားပျားတွေက ပျားဘုရင်မရှိရာ အီမီလီရဲ့ဝမ်းဗိုက်အနားကို ဝိုင်းအုံလာခဲ့ကြချိန်မှာ ခင်ပွန်းဖြစ်သူက ဓာတ်ပုံရိုက်ယူပေးခဲ့ပါတယ်။ ဖင်အောက်မှာ ပျားတစ်ကောင်ကို မတော်တဆဖိမိခဲ့သလို တံတောင်နဲ့လည်း ဖိမိခဲ့သေးပါတယ်။ ၃ ကြိမ်ပျားတုပ်ခံခဲ့ရသေးပေမယ့် ရရှိတဲ့ဓာတ်ပုံတွေကြောင့် ထိုက်တန်တယ်လို့ ခံစားမိကြောင်း ပြောပြခဲ့ပါတယ်။

ပျားရည်ရောင်းချတဲ့အလုပ်နဲ့ အသက်မွေးတဲ့ အီမီလီက ပျားတွေဟာ သူတို့မိသားစုဘဝရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမှတ်တရအဖြစ် ပျားတွေနဲ့ဓာတ်ပုံရိုက်ယူခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top