Healthy Life Ad
Health Tips

နောက်ပြန်လမ်းလျှောက်ခြင်းက ခပ်သွက်သွက်လမ်းလျှောက်ခြင်းထက် ကယ်လိုရီ ခြောက်ဆ ပိုလောင်ကျွမ်းစေနိုင်

၊ လရိပ်မေ ၊

အချိန်ပေးတာချင်းတူရင်တောင် ခပ်သွက်သွက်လမ်းလျှောက်တာထက် နောက်ပြန်လမ်းလျှောက်တာက ကိုယ်အလေးချိန်ကို ပိုလျော့ကျစေပါတယ်။

– နောက်ပြန်လမ်းလျှောက်ခြင်းဆိုသည်မှာ

နောက်ပြန်လမ်းလျှောက်တာက ပိုထိရောက်တဲ့နည်းလမ်းဖြစ်ပြီး ခါးနဲ့ခြေသလုံး ထိခိုက်ဒဏ်ရာရနိုင်ခြေ လျော့နည်းပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကို ပိုသန်မာစေပြီး ဟန်ချက်ပိုထိန်းနိုင်ပါတယ်။

– ဘာကြောင့် ကိုယ်အလေးချိန်လျော့ကျရသလဲ

နောက်ပြန်လမ်းလျှောက်တာက ပြီးပြည့်စုံတဲ့ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် ကယ်လိုရီအများအပြား လောင်ကျွမ်းစေပြီး ကြွက်သားအုပ်စုအားလုံးကို လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။ နောက်ပြန်ခြေလှမ်း ၁၀ဝ က ပုံမှန်ခြေလှမ်း ၁၀ဝ၀ နဲ့ ညီမျှတဲ့ ကောင်းကျိုးကို ရရှိစေပါတယ်။

နောက်ပြန်လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

– အမြင်အားကောင်းပြီး အာရုံခံစားမှုကို ကောင်းစေနိုင်ပါတယ်

နောက်ပြန်လမ်းလျှောက်တာကြောင့် အမြင်အာရုံကောင်းစေပြီး အကြားအာရုံခံစားမှုကို ကောင်းမွန်စေပါတယ်။

– ခြေသလုံးနဲ့ ကြွက်သားတွေကို တင်းရင်းစေပါတယ်

နောက်ပြန်လမ်းလျှောက်တာကြောင့် ဒူးဆစ်ပေါ် ဖိအားအလွန်အကျွံ မသက်ရောက်စေဘဲ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ခြေသလုံး တံကောက်ကြော၊ တင်ပါး စတာတွေအပါအဝင် ကြွက်သားအုပ်စုအားလုံးကို သန်စွမ်းစေပါတယ်။

– ထိခိုက်ဒဏ်ရာမရအောင်ကာကွယ်ပြီး ဒူးတွေကို သန်စွမ်းစေပါတယ်

နောက်ပြန်လမ်းလျှောက်တာက ထိန်းပြီးသွားရတဲ့အတွက် ဒူးတွေပေါ်မှာ ဒဏ်ဆိုးဆိုးရွားရွားသက်ရောက်မှု လျော့ကျပြီး ကြွက်သားအုပ်စုအားလုံးကြား ဟန်ချက်ညီစေပါတယ်။ သက်လုံကောင်းစေရုံသာမက ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျော့ကျစေပါတယ်။

– ဦးနှောက်ကျန်းမာရေး ကောင်းစေပါတယ်

ပုံမှန်လုပ်နေကျပုံစံကို ပြောင်းလဲပြီး ကြွက်သားတွေကို လှုပ်ရှားပေးတာကြောင့် ဦးနှောက်ကို မတူညီတဲ့ပုံစံနဲ့ တွေးခေါ်စေပါတယ်။

– ကိုယ်နေဟန်ကို ကြည့်ကောင်းစေပါတယ်

နောက်ပြန်လမ်းလျှောက်တဲ့အခါ လျှောထိုင်တာကြောင့်ဖြစ်တဲ့ ခါးအောက်ပိုင်းနာကျင်မှုကို သက်သာစေပြီး ကိုယ်နေဟန်ကို စမတ်ကျစေပါတယ်။

– ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေပါတယ်

နောက်ပြန်လမ်းလျှောက်တာကြောင့် ဝမ်းဗိုက်ကြွက်သားအားလုံးကို အလုပ်လုပ်ဖြစ်စေပြီး သန်စွမ်းစေပါတယ်။

သတိပြုရန်

နောက်ပြန်လမ်းလျှောက်မယ့်နေရာက လူသွား လူလာ၊ ယာဉ်ရထား စတာတွေ ရှင်းတဲ့နေရာမျိုး ဖြစ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top