Healthy Life Ad
Q & A

ခရမ်းရောင်ဂေါ်ဖီထုပ် အကြောင်း သိချင်ပါတယ် . . . . . .

မေး ။ ခရမ်းရောင်ဂေါ်ဖီထုပ်တွေကို တွေ့ရပါတယ်။ အဲဒါက မျိုးရိုးဗီဇပြုပြင်ထားလို့လား။ သဘာဝ အတိုင်းပဲလား။ ရိုးရိုးဂေါ်ဖီထုပ်လို ကျန်းမာရေးအာနိသင်ရှိပါသလား။
မယုဇနခင်၊ တာမွေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ခရမ်းရောင်ဂေါ်ဖီထုပ်က သဘာဝကိုက ခရမ်းရောင်ဖြစ်နေတာပါ။ မျိုးဗီဇပြုပြင်ထားတာ မဟုတ်ပါဘူး။ နဂါးမောက်သီးမှာ အနီရောင်နဲ့ အဖြူရောင်ရှိသလိုပဲ ဂေါ်ဖီထုပ်မှာလည်း အဖြူရောင်နဲ့ခရမ်းရောင်ရှိနေတာပါ။ ခရမ်းရောင်ဂေါ်ဖီထုပ်မှာ အဓိကအားဖြင့် မဂ္ဂနိစ်၊ အမျှင်ဓာတ်၊ ဗီတာမင် B1၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ကြေးနီနဲ့ ကိုလင်းဓာတ်တွေ ပါဝင်ပါတယ်။ ကိုလင်းဓာတ်က ဦးနှောက်နဲ့ အာရုံကြောတွေကိုကောင်းစေတဲ့အတွက် စားသင့်တဲ့ အစာထဲမှာပါဝင်ပါတယ်။ ခရမ်းရောင်ဂေါ်ဖီထုပ်ကို တစ်ခွက်စားမယ်ဆိုရင် အမျှင်ဓာတ် နှစ်ဂရမ် လောက်ပါဝင်ပါတယ်။ ဒီတော့ ဝမ်းမှန်မှန်သွားပါတယ်၊ ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။ အနာလည်း မြန်မြန်ကျက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ်သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top