Healthy Life Ad
Q & A

အရေပြားမှာ အနာဖြစ်တဲ့အခါ . . .

မေး ။ ကျွန်မကလေးက အရမ်းဆော့တော့ အရေပြားမှာအနာဖြစ်လွယ်ပါတယ်။ အနာဖြစ်တဲ့အခါ ပိုဆိုးတတ်တဲ့ အခြေအနေတွေကို သိပါရစေ၊ ဘယ်လိုအခြေအနေဆို ဆရာဝန်နဲ့ ပြသင့်ပါသလဲရှင့်။
မမာဝေ၊ ညောင်ဦးမြို့။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ အနာက တစ်လက်မထက်ပိုပြီး ကြီးရင်၊ အနာနက်ရင်၊ သွေးထွက်များရင်၊ ဖုန်နဲ့ ပိုးတွေဝင်ရင်၊ အနာကောင်းကောင်းမကျက်ရင်၊ အရေပြားအတွန့်နေရာနဲ့ အဆစ်လို လှုပ်ရှားမှုများတဲ့နေရာတွေမှာ အနာ ဖြစ်ရင်၊ အနာဖြစ်နေချိန်မှာ အနားမယူရင်၊ အနာကြောင့် အရေပြားမူလပုံစံပျက်ရင်၊ အရေပြား ပုံစံပျက်တာကို စနစ်တကျပြန်မချုပ်ရင်၊ မျက်လုံးတစ်ဝိုက်နဲ့ မျက်နှာပေါ်အနာဖြစ်ရင် ပိုဆိုးတတ်ပါတယ်။ ဒါ့အပြင် အနာရဲ့အနားသတ်က မညီညာဘဲ တွန့်နေရင်နဲ့ တိရိစ္ဆာန် ကိုက်ခံရရင်လည်း အနာက ပိုဆိုးတတ်သလို အမာရွတ်က ပိုဆိုးတတ်ပါတယ်။အနာက သိပ်နာပြီးရောင်နေရင်၊ ကိုင်ကြည့်တဲ့အခါ ပူလာပြီး ဖိကြည့်တဲ့အခါ နာနေရင်၊ ပြည်ထွက်လာရင်၊ သက်ဆိုင်ရာ လင့်ဖ်အကျိတ် ဖြစ်လာရင်၊ အနာဖြစ်ပြီးဖျားလာရင်၊ မအီမသာ ဖြစ်လာရင် ဆေးကုသသင့်တဲ့ အချိန်ဆိုတာ သတိပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top