Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူတွေ ခွဲစိတ်ရင် အနာကျက်ပါ့မလား

မေး။ ။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ခွဲစိတ်ကုသရင် အနာမကျက်ဘူးလို့ ပြောကြပါတယ်။ ဒါက မှန်ပါသလားသိချင်ပါတယ်ရှင်။

ထွေးငယ် (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပါသည်။

ဖြေ။ ။ ဆီးချိုရှိရင် အနာမကျက်ဘူး၊ ဆီးချိုရှိရင်ခွဲလို့ မရဘူးဆိုတာ အယူအဆမှားတစ်ခုပါ။ ဆီးချိုရောဂါရှိသူကို ခွဲစိတ်ဆရာဝန်ကြီးတွေက ခွဲမယ်ဆိုရင် ဆရာတို့က ဆီးချိုထိန်းချုပ်မှုကောင်းအောင် လုပ်ပေးပါတယ်။ ကျောက်ကပ်တွေ၊ နှလုံးတွေစစ်ပါတယ်။ သွေးအားကောင်း၊ မကောင်းစစ်ပါတယ်။ မကောင်းတဲ့တိုင်အောင် ထိန်းနိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုရင် ခွဲစိတ်လို့ရပါတယ်။ အနာလည်း ပုံမှန် ကျက်ပါတယ်။

ခွဲစိတ်အထူးကုဆရာဝန်နဲ့ သမားတော်ပူးပေါင်းပြီး ဆီးချိုကို စနစ်တကျထိန်းထားပြီး ခွဲလို့ရပါတယ်။ သတ်မှတ်ချက်တစ်ခုကတော့ သောက်ဆေးသောက်နေတဲ့သူတွေ အကုန်လုံးကို အင်ဆူလင်ပြောင်းထိုးပေးပါတယ်။ အဲဒီလိုပြောင်းထိုးရတာ ကတော့ Stress ဒဏ်ကိုလည်း ပိုခံနိုင်အောင်လို့၊ ဆီးချိုကိုလည်း ပိုပြီးထိန်းနိုင်အောင်လို့ ပြောင်းထိုး ပေးလိုက်တာပါ။ ခွဲစိတ်မှုပြီးသွားရင် သောက်ဆေးကို ပြန်ပြောင်းပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top