Healthy Life Ad
Health Tips

အရေပြားတွင်ဖြစ်သော အသေးစားပြတ်ရှရာနှင့် ပွန်းပဲ့ရာတို့အတွက် အိမ်တွင်းကုထုံးများ

စူး (ဆေးဝါးတက္ကသိုလ်)
အရေပြားမှာ ဓားရှရာနဲ့ ပွန်းပဲ့ရာတို့ပေါ်ရင် အသေးစားပဲဆိုပြီး လျစ်လျူရှုမထားပါနဲ့။ အရေပြားရဲ့ ပထမဆုံးအလွှာပေါ်မှာ ခြစ်ရာ၊ ပြတ်ရာ၊ ပွန်းပဲ့ရာတို့ ဖြစ်တတ်တဲ့အတွက် အသေးအမွှားဆိုရင်တောင် ပိုးဝင်နိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် ချက်ချင်း ကုသမှု ပေးဖို့လိုပါတယ်။ ဖြစ်တဲ့နေရာကို ဖိအားပေးပြီး သွေးတိတ်အောင် လုပ်ပါ။ သန့်ရှင်းတဲ့ ပိတ်စ ဒါမှမဟုတ် လက်ချောင်းနဲ့ ဖိထားလိုက်ပါ။ ပြီးရင် ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးပါ။ နောက်ဆုံးမှာ အောက်ပါ အိမ်တွင်းကုထုံးထဲက သင့်တော်ရာ တစ်နည်းနည်းကို သုံးပြီး သက်သာအောင် ဆောင်ရွက်နိုင်ပါတယ်။ သတိပြုရမှာက လက်သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။

ပျားရည် (ဘက်တီးရီးယား တွန်းလှန်နိုင်စွမ်းရှိ၏)
honey
– ပြတ်ရှရာနဲ့ ပွန်းပဲ့ရာ ဖြစ်တဲ့ နေရာမှာ ပျားရည် သုတ်လိမ်းပါ။
– တစ်နာရီလောက် ပတ်တီးစီးထားပါ။
– ပတ်တီးကို သေချာဖယ်ပါ။
– ရေဆေးလိုက်ပါ။
– ဒီနည်းအတိုင်း တစ်နေ့ သုံးကြိမ်လုပ်ပေးရင် အမြန်ဆုံး အနာကျက်သွားမှာပါ။

ကြက်သွန်ဖြူ (ရောင်ရမ်းမှု ကျခြင်းနှင့် ပဋိဇီဝပိုး သတ်နိုင်စွမ်း ရှိ၏)

Garlic and parsley isolated on white
– ကြက်သွန်ဖြူထောင်းနဲ့ ပျားရည်ကို ရောမွှေလိုက်ပါ။
– ပြီးရင် ဒဏ်ရာပေါ် လိမ်းကာ ၁၀ မိနစ်ထားပါ။
– ကြက်သွန်ဖြူဖတ်တွေ ဖယ်ပြီး သန့်ရှင်းတဲ့ ပတ်တီးနဲ့ ပတ်ထားပါ။
– တစ်နာရီကြာမှ ပတ်တီးဖယ်ပြီး ရေဆေးပါ။
– တစ်နေ့ နှစ်ကြိမ် လုပ်ပေးရမှာ ဖြစ်ပါတယ်။

ရှားစောင်းလက်ပပ် (အနာကျက်နှုန်း မြန်ပြီး နာကျင်မှု သက်သာစေ၏)

aloeveramain1_600x450
– ရှားစောင်းလက်ပပ် အနှစ်ကို ယူပြီး ဒဏ်ရာပေါ် သုတ်လိမ်းလိုက်ပါ။
– ခြောက်အောင် ထားပါ။
– နှစ်နာရီကြာတိုင်း ထပ်ခါ ထပ်ခါ လုပ်ပေးပါ။

လက်ဖက်ဆီ (ပိုးသတ် အာနိသင်ရှိပြီး အနာကျက်ချိန် မြန်စေ၏)
– ရေနွေးတစ်ခွက်ထဲ လက်ဖက်ဆီ ထမင်းစားဇွန်း တစ်ဝက်ထည့်ပြီး အနာကို ဆေးပေးပါ။
– တစ်နေ့ နှစ်ကြိမ်လုပ်ပေးပါ။

နနွင်းမှုန့် (ရောင်ရမ်းမှု ကျခြင်း၊ ပိုးသေခြင်းနှင့် ဘက်တီးရီးယား ကင်းစင်ခြင်း အစွမ်းများ ရှိ၏)
– သွေးထွက်နေတဲ့ ဒဏ်ရာပေါ် နနွင်းမှုန့် လိမ်းပေးရင် သွေးတိတ်တာ ရပ်စေပါတယ်။
– နနွင်းမှုန့်နဲ့ ရေကို ခပ်ပျစ်ပျစ်ရောပြီး ဒဏ်ရာပေါ် သုတ်လိမ်းကာ မိနစ် ၂၀ အကြာမှာ ရေနဲ့ ဆေး ပေးရမှာပါ။
ရှလကာရည် (ပြတ်ရှရာနှင့် ပွန်းပဲ့ရာတို့ကို ပိုးသေစေ၏)
– ရေနဲ့ ဆားကို ရောပြီး ရှလကာရည် ထမင်းစား ဇွန်း တစ်ဇွန်းထည့်မွှေပါ။
– ဝါဂွမ်းစနဲ့ အဲဒီအရည်ကို စုပ်ယူပြီး အနာပေါ် သုတ်လိမ်းပါ။
– အနာပျောက်တဲ့အထိ နေ့စဉ် နှစ်နာရီကြာတိုင်း တစ်ခါ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ကြက်သွန်နီ (ပိုးသတ်အာနိသင်ရှိ၏)

tome-cha-de-cebola-e-obtenha-todos-os-beneficios-do-vegetal
– ကြက်သွန်နီကို ခပ်ထူထူလှီးပြီး ဒဏ်ရာပေါ် ပွတ် ပေးပါ။
– နာရီအနည်းငယ်ကြာတိုင်း ထပ်ခါ ထပ်ခါ လုပ်ပေးရင် အနာကျက်မြန်ပြီး ရောင်ရမ်းမှု လျော့ကျ စေပါတယ်။

Most Popular

Healthy Life Ad
To Top