Healthy Life Ad
Health Tips

ကယ်လိုရီများသည့် စမူဆာ

အိန္ဒိယအစားအစာတစ်မျိုးဖြစ်တဲ့ စမူဆာက အရသာရှိပြီး လမ်းဘေးဆိုင်တွေမှာ မကြာခဏတွေ့ရတတ်ပါတယ်။ စမူဆာက ကယ်လိုရီများတဲ့ အစာဖြစ်တာကြောင့် ပုံမှန်အမြဲစားမယ်ဆိုရင် အဝလွန်နိုင်ခြေရှိပါတယ်။ အာလူး၊ ပဲစတာတွေနဲ့ လုပ်ထားတဲ့ စမူဆာ တစ်ခုမှာ ၃၀၈ ကယ်လိုရီလောက်ပါဝင်ပါတယ်။ နောက်တစ်ခုက ထပ်ပြန်တလဲလဲ အသုံးပြုထားတဲ့ ဆီနဲ့ ကြော်ထားတယ်ဆိုရင် ပြောင်းလဲဆီပါဝင်မှုများတာကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ ကြောင့် စမူဆာစားမယ်ဆိုရင် အသင့်အတင့်ပဲ စားဖို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top