Healthy Life Ad
Health Tips

အားထုတ်မှုနည်းနည်းနဲ့ ကယ်လိုရီများများ ဖယ်ရှားပေးနိုင်သည့် ထုံးစံမဟုတ်သော နည်းလမ်းကောင်း ၁၀

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတို့ အများစုဟာ ကိုယ်အလေးချိန်တက်လာပြီဆိုရင် လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်၊ အစာကို လုံးဝဖြတ် . . စတဲ့ မသက်မသာနည်းတွေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားတတ်ကြပါတယ်။ တီဗီရှေ့ထိုင်တာ၊ အိမ်အလုပ်လုပ်တာ စတဲ့ အလွယ်နည်းတွေနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်ပါတယ်။


(၁) ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်ထွက်တာက သင်ထင်ထားတာထက်ပိုပြီး အားထုတ်ရပါတယ်။ အချိန် ၂-၃ နာရီလောက်ပေးရပါတယ်။ ပြီးတော့ ဝယ်ထားတဲ့ပစ္စည်းတွေ၊ အိတ်တွေကို ဈေးဝယ်တဲ့ လမ်းတလျှောက် သယ်ယူရပါတယ်။ သုံးနာရီကြာ ဈေးဝယ်ထွက်တာက တစ်နာရီကြာ စက်ဘီးစီတာနဲ့ညီမျှပြီး ကယ်လိုရီ ၅၀ဝ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။


(၂) အိမ်သန့်ရှင်းရေးအလုပ်လုပ်ခြင်း

အိမ်အလုပ်တွေက စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်နိုင်ရင် သင့်တစ်ကိုယ်လုံးကို သန်စွမ်းကြံ့ခိုင်စေပါတယ်။ ပုံမှန် အိမ်သန့်ရှင်းရေး အလုပ်ကို မိနစ် ၃၀ ကြာ လုပ်ဆောင်ရင်တောင် ၈၅ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါက အိပ်ထမတင်လေ့ကျင့်ခန်းကို ၁၅ မိနစ်ကြာ လုပ်ဆောင်တာနဲ့ညီမျှပါတယ်။ အသေးစိတ် သန့်ရှင်းရေးလုပ်ပြီးချိန်မှာ ကယ်လိုရီ ၁၇၀ နီးပါးလောင်ကျွမ်းသွားပါတယ်။


(၃) ဝိုင်တစ်ဖန်ခွက်သောက်ခြင်း

ဝိုင်နီတစ်ဖန်ခွက်သောက်တာက အားကစားခန်းမမှာ တစ်နာရီကြာ ကစားတာနဲ့တူတယ်လို့ ကနေဒါတက္ကသိုလ် လေ့လာသူတွေကဆိုပါတယ်။ ဝိုင်နီမှာပါတဲ့ ဒြပ်ပေါင်းတွေက နှလုံးခုန်နှုန်းမြန်စေပြီး ကြွက်သားထုထည်ကို အားကောင်းစေပါတယ်။ ဝိုင်နီမှာပါတဲ့ ရက်စ်ဗာရထရောက အဖြူရောင်အဆီတွေကို အညိုရောင်အဆီအဖြစ် ကူးပြောင်းသွားစေလို့ပါ။


(၄) သီချင်းဆိုခြင်း

သီချင်းဆိုတာက မတူညီတဲ့ ကြွက်သားအုပ်စု အားလုံးကို ထိထိရောက်ရောက် လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။ ကယ်လိုရီ ၁၀ဝ လောက် လောင်ကျွမ်းဖို့အတွက် အချိန်တစ်နာရီ သီချင်းဆိုပေးလိုက်ပါ။ ဒါက အချိန် ၁၅ မိနစ်ခန့် ဒိုက်ထိုးတာနဲ့ ညီမျှတဲ့ ကယ်လိုရီ လောင်ကျွမ်းမှုကို ရရှိစေပါတယ်။


(၅) အိပ်စက်အနားယူခြင်း

ငါးမိနစ်လောက် ထပ်အိပ်လိုက်တာနဲ့ အပိုကယ်လိုရီတချို့ လောင်ကျွမ်းသွားနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ အချိန်တစ်လလောက် အဝတ်အစားမပါဘဲ အိပ်စက်ပေးရင် အညိုရောင်ဆဲလ်ပမာဏ မြင့်မားလာပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလှုပ်ရှားမှုအဆင့် မြင့်တက်လာလိမ့်မယ်လို့ သိရပါတယ်။ ဒါက ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကိုလည်း ကြည့်ကောင်းစေပါတယ်။


(၆) သွေးလှူခြင်း

ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကျင်းပတဲ့ လေ့လာမှုအရ သွေးတစ်ပိုင့်လှူတိုင်း ကယ်လိုရီ ၆၅၀ နီးပါး လောင်ကျွမ်းမှုရှိတယ်လို့ သိရပါတယ်။ ဒီနှုန်းနဲ့ တစ်နာရီကြာ ရေကူးရင်လည်း တူညီတဲ့ကယ်လိုရီ လောင်ကျွမ်းမှုကိုရရှိစေပါတယ်။ သွေးလှူလိုက်ရတဲ့ စိတ်ကြည်နူးမှုအပြင် ကယ်လိုရီလောင်ကျွမ်းမှုကို အပိုဆုလာဘ်အနေနဲ့ ရရှိစေတာပါ။


(၇) အကြင်နာပေးခြင်း

တစ်နာရီကြာ အကြင်နာပေးတာကြောင့် ကယ်လိုရီ ၆၀ ကျော်ကြာ လောင်ကျွမ်းစေပါတယ်။ အချိန် ငါးမိနစ်ခန့်မြန်မြန်ပြေးတာကြောင့် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏနဲ့ အတူတူပါပဲ။


(၈) ရယ်မောခြင်း

အချိန် ၁၅ မိနစ်ကြာရယ်မောတာက ကယ်လိုရီ ၁၀-၄၀ ခန့် လောင်ကျွမ်းစေနိုင်တယ်လို့ ဗန်ဒါဘစ်တက္ကသိုလ်ဆေးစင်တာရဲ့ လေ့လာသူတွေက ဆိုပါတယ်။ အူလှိုက်သည်းလှိုက်ရယ်မောတာက ထိုင်-ထ ၁၀ မိနစ်ကြာ ပြုလုပ်တာနဲ့ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို ဖြစ်စေပါတယ်။


(၉) အမျိုးသားအဖော်ပါခြင်း

လေ့လာမှုတစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသားအဖော်နဲ့အတူ အပြင်ထွက်စားသောက်တဲ့အခါ အစာကို နည်းနည်းပဲစား ဖြစ်တယ်လို့ သိရပါတယ်။ အစာကို နည်းနည်းပဲ စားဖြစ်လေလေ ခန္ဓာကိုယ်က ပိုသွယ်လျလေလေပါပဲ။


(၁၀) ကြောက်စရာကောင်းသောရုပ်ရှင်များကြည့်ခြင်း

ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်တဲ့အခါ ခန္ဓာကိုယ်ကနေ အဒရီနယ်လင်ထွက်ရှိစေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ အဒရီနယ်လင်က အစာစားချင်စိတ်ကိုလျော့ကျစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကိုကြည့်ပြီး လောင်ကျွမ်းတဲ့ ကယ်လိုရီက ၁၅ မိနစ်ကြာ ကြိုးခုန်တာကြောင့် လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏနဲ့ တူညီတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top