Healthy Life Ad
Life Style

ဗောက်ထခြင်းကို ဘယ်လိုကုသရမလဲ . . .

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ ဗောက်ကို ဘယ်လိုကုသလို့ရမလဲ ဆရာမ။
ဖြေ။ ။ မှိုနိုင်မယ့် ခေါင်းလျှော်ရည်တွေအများကြီးဝယ် လို့ရနေပါပြီ။ ဒါပေမဲ့ ဓာတုပစ္စည်းတွေပါလို့ မခန့်မ သင့်ရင် ဓာတ်မတည့်အရေပြားရောင်ခြင်း (Con­tact Dermatits) ဖြစ်တတ်ပါတယ်။ တုန့်ပြန်လွယ်တဲ့ ဦးရေပြားဖြစ်လာတတ်ပါတယ်။

– ဈေးကွက်ထဲက ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဝယ်ရင် အညွှန်းကို သေချာဖတ်ပါ။ ကုန်ဆုံးရက် ကျော်နေလား စစ်ပါ။ မိမိနဲ့တည့်တဲ့ အမျိုးအစားကို ဂရုတစိုက်အသုံးပြုပါ။

– ဈေးကွက်ထဲမှာ ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးမျိုးရှိပါတယ်။Shampoo တွေဟာ သုံးဖို့လွယ်သလို မတည့်ဖို့လည်း လွယ်ကူပါတယ်။ Shampoo နဲ့မတည့်တဲ့သူတွေ အများအပြား တွေ့ဖူးပါတယ်။ ဗောက်တွေထပြီး ပိုယားယံစေပါလိမ့်မယ်။

– ခေါင်းလျှော်ရည်အမျိုးအစားအနေနဲ့ Zinc pyrithione၊ အနံ့နည်းနည်းရှိတဲ့ coal tarketoconazoleselenium sulphide shampoo ၊ ketoco-nazoleနဲ့ salicylic acid ပါတဲ့ ခေါင်းလျှော်ရည်တွေ သုံးလို့ရပါတယ်။ Salicylic acid shampoo ကလည်း အကြေးခွံအဖတ်လေးတွေ သက်သာသွားစေပါတယ်။ Tea tree oil ပါတဲ့ ခေါင်းလျှော်ရည်က ဗောက်သက်သာစေပါတယ်။ ဆယ်လီနီယမ်ဆာလ ဖိုဒ်ခေါင်းလျှော်ရည် (Selenium sulfide 1% shampoo)ကလည်း ဗောက်သက်သာစေပါတယ်။

– တချို့အရောင်ကျဆေး(steroid )ပါတဲ့ Shampoo တွေသုံးရင် အယားသက်သာစေပါတယ်။ ဒါပေမဲ့ ကြာရှည်မသုံးရပါဘူး။ အရပြားကို ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။ မှိုရောဂါ (ဒက်) ဖြစ်သွားတတ်ပါတယ်။ ဦးရေပြားသာမက မျက်နှာမှာပါ ဝက်ခြံဆန်တဲ့ အဖုလေးတွေ ဖြစ်စေတတ်ပါတယ်။

– ငယ်စဉ်က တရော်ကင်ပွန်း ခေါင်းလျှော်ရည်ပဲ လျှော်လေ့ရှိကြပါတယ်။ ဒါက မတည့်တဲ့သူလည်း မရှိပါဘူး။ ဆရာမငယ်စဉ် ဆံပင်ရှည်ထားခဲ့တုန်းကလည်း သုံးခဲ့ဖူးပါတယ်။ ဒီသဘာဝထွက်ကုန်ကို မေ့မထားသင့်ပါဘူး။

ဦးရေပြားက ခြောက်သွေ့လွန်း၊ အဆီပြန်တာများလွန်းရင် ဗောက်ပိုဆိုးတတ်ပါတယ်။ ခေါင်းမှန်မှန်မလျှော်တဲ့ သူတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနည်းတဲ့ သူတွေမှာ ဗောက်ဖြစ်တတ်ပါတယ်။ နေ့စဉ် ခေါင်းလျှော်တတ်သူ တွေမှာလည်း ဦးရေပြားမှာရှိတဲ့ အဆီတွေကို နည်း သွားစေလို့ ဗောက်ပိုများလာတတ်ပါတယ်။

မေး။ ။ ဗောက်ထတာကို ကုသရာမှာဘယ်လို နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ဗောက်က အမြဲဖြစ်နေတတ်တဲ့ ပြဿနာဆိုတော့ လုံးဝပျောက်အောင် ကုသဖို့ခက်ပြီး သက်သာလာ တတ်သလို ပြန်လည်း ဖြစ်တတ်ပါတယ်။

မေး။ ။ ခေါင်းလျှော်ရည်သုံးရင် ဘာတွေ သတိထားရပါမလဲ ဆရာမ။
ဖြေ။ ။ ခေါင်းလျှော်ရည်ဘူးကို သေသေချာချာလှုပ်ပြီးမှ သုံးရပါမယ်။ ခေါင်းလျှော်ရည်မထည့်ခင်မှာ ဆံပင် ကို ကြက်သီးနွေးရေလောက်နဲ့ အရင်စွတ်စိုစေတာက ပိုကောင်းစေပါတယ်။ ဦးရေပြားတစ်ပြင်လုံးကိုခေါင်း လျှော်ရည်နှံ့အောင် ထည့်ပေးပြီး ငါးမိနစ်လောက်ထားပါ။ ပြီးရင် ရေနဲ့စင်အောင် ဆေးပေးပါ။ ခေါင်း လျှော်ရည်သုံးတဲအခါ မျက်လုံးထဲမဝင်အောင် သတိထားရပါမယ်။ ဦးရေပြား ထိခိုက်အောင်ကုတ်လွန်း၊ ဖဲ့လွန်းတာမျိုးမဖြစ်စေသင့်ပါဘူး။

ခေါင်းလျှော်တဲ့အခါ ရေပူပူနဲ့လည်း မလျှော်သင့်ပါဘူး။ ရေနွေးနွေး လျှော်ပြီးရင် နောက်ဆုံးမှာ ရေအေးနဲ့ ပြန်လျှော်တာ ပိုကောင်းပါတယ်။ ခေါင်းလျှော်ပြီးရင် သံလွင်ဆီနွေးနွေးလေး ပြန်လိမ်းမယ်ဆို ရင်ပိုကောင်းပါတယ်။ တစ်ခါသုံးလို့ မတည့်တဲ့ခေါင်းလျှော်ရည်ကို နောက်တစ်ခါ ထပ်မသုံးသင့်ပါဘူး။

မေး။ ။ ဗောက်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို သိပါရစေ ဆရာမ။
ဖြေ။ ။ ဗောက်ထရင် ရုပ်ဆိုးတယ်၊ နေရခက်တယ်၊ ယားတယ်၊ ကုတ်မိရင် အရေပြား ထိခိုက်တယ်၊ ဦးရေပြား ရောင်ရမ်း နီရဲလာမယ်၊ ပြဲနေတဲ့ ဦးရေပြားက တစ်ဆင့် ဘက်တီးရီးယားပိုးဝင်ရင် ရောင်ရမ်းပြီး ပြည် တည်နာဖြစ်လာတတ်ပါတယ်။
များသောအားဖြင့် ဗောက်ဖြစ်ရုံနဲ့ ဆေးကုသဖို့မလိုပါဘူး။ ဒါပေမဲ့ ဦးရေပြားက ရောင်ရမ်းနာကျင် ပြည်တည်နေရင်၊ သွေးထွက်လာရင် စနစ်တကျ ကုသမှုခံယူဖို့ လိုပါတယ်။

မေး။ ။ ဘယ်လိုအခြေအနေမှာ ဗောက်က ပိုဆိုးတတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ဦးရေပြားက ခြောက်သွေ့လွန်း၊ အဆီပြန်တာ များလွန်းရင် ဗောက်ပိုဆိုးတတ်ပါတယ်။ ခေါင်းမှန် မှန်မလျှော်တဲ့သူတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းတဲ့သူတွေမှာ ဗောက်ဖြစ်တတ်ပါတယ်။ နေ့စဉ် ခေါင်းလျှော်တတ်သူတွေမှာလည်း ဦးရေပြားမှာရှိတဲ့ အဆီတွေကိုနည်းသွားစေလို့ ဗောက်ပိုများလာတတ်ပါတယ်။

ဦးရေပြားဆိုတာ လက်၊ မျက်နှာ၊ လည်ပင်းတို့လို ရာသီဥတုနဲ့ ထိတွေ့မှုများပါတယ်။ ဒါကြောင့် ရာသီဥတုအေးပြီး ခြောက်သွေ့တဲ့အခါ ဗောက်ကပိုဆိုးတတ်ပါတယ်။

ဗောက်ဟာ စိတ်ပင်ပန်းတဲ့အခါမှာလည်းဦးရေ ပြားအဆီထွက်များပြီး ပိုဆိုးတတ်ပါတယ်။ ဒါ့အပြင် ဆံပင်ခြောက်သွေ့စေတဲ့ air Dryer အသုံးများတဲ့ သူတွေ ဆံပင်ပြုပြင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့များတဲ့သူတွေ (ဆံပင် ကောက်တာ၊ ဖြောင့်တာ၊ အရောင် အမျိုးမျိုးပြောင်းသုံးတာ)မှာလည်း ဗောက်များတတ်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်နည်းတဲ့ သူတွေ၊ ပါကင်ဆန်ရောဂါရှိသူတွေ၊ နှလုံးရောဂါရှိသူတွေ၊ လေဖြတ်ထားခံရသူတွေမှာလည်း ဗောက်များလေ့ရှိပါတယ်။

မေး။ ။ အာဟာရနဲ့ ဗောက်ဆက်စပ်မှုကို သိပါရစေ ဆရာမ။
ဖြေ။ ။ ဇင့်(သွပ်)ဓာတ်၊ ဗီတာမင်ဘီနဲ့ ကောင်းတဲ့ အဆီတွေပါတဲ့ အစာတွေကို အာဟာရ မျှတအောင် မစားရင်လည်း ဗောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆီလျှော့ပြီး လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်း ရွက်တွေစားတာ၊ အရက်ဖြတ်တာ၊ ငါးကြီးဆီစားတာတို့က ဗောက်အဖြစ် နည်းစေပါတယ်။ ကြက်ဥ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစေ့အဆန်၊ မြေပဲနဲ့ အညိုရောင်ချောက်ကလက်တို့ကို စားသင့်ပါတယ်။

မေး။ ။ ဗောက်မရှိအောင် ဘယ်လိုနေထိုင်သင့်ပါသလဲ ဆရာမ။
ဖြေ။ ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်၊ ခေါင်းမှန်မှန် လျှော်ရမယ်၊ အာဟာရ မျှတအောင်စား ရမယ်။ စိတ်ဖိစီးမှုလျှော့ချတတ်ရမယ်။ မိမိနဲ့တည့်တဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည် သုံးရမယ်လို့အကြံပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top