Healthy Life Ad
International

၁၂ ပေါင်ကျော် ကိုယ်အလေးချိန်ရှိသည့် ကလေးငယ်ကို သဘာဝအတိုင်းမွေးဖွား

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၃၃ နှစ်အရွယ် ပေါ်လာဆိုတဲ့အမျိုးသမီးက ကိုယ်အလေးချိန် ၁၂ ပေါင် ၄ ဒသမ ၅ အောင်စရှိတဲ့ သားငယ် သီအိုကို သဘာဝအတိုင်း မွေးဖွားနိုင်ခဲ့ပါတယ်။

မွေးဖွားချိန် ခြောက်နာရီကြာခဲ့ပြီး ခက်ခက်ခဲခဲနဲ့ ပင်ပန်းတကြီးကြိုးစားခဲ့ရပေမယ့် အဆုံးရလဒ်ကောင်းတာကြောင့် ကျေနပ်မိတယ်လို့ ပေါ်လာကပြောပါတယ်။ သူတို့မိသားစုရဲ့ တခြားကလေးနှစ်ယောက်ကို မွေးဖွားတုန်းက ၉ ပေါင် ၃ အောင်စနဲ့ ၉ ပေါင် ၈ အောင်စ အသီးသီးရှိခဲ့တာကြောင့် သီအိုရဲ့ကိုယ်အလေးချိန် ဘယ်လောက်ရှိမယ်ဆိုတာ အမျိုးမျိုးမှန်းဆခဲ့ကြောင်း သူကဆက်ပြောပါတယ်။ ဆေးရုံတာဝန်ရှိသူတွေက ယခု ၅ နှစ်တာအတွင်း အကြီးဆုံးကလေးကို မွေးဖွားနိုင်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

၂၀၁၃ခုနှစ်ဖေဖော်ဝါရီလတုန်းက မွေးဖွားခဲ့တဲ့ ကလေးတစ်ယောက်ဟာ သီအိုထက် ကိုယ်အလေးချိန် များပြားကာ ၁၅ ပေါင် ၇ အောင်စရှိခဲ့ကြောင်း သိရပါတယ်။ သာမန်ကလေးတွေထက် နှစ်ဆနီးပါး ကိုယ်အလေးချိန်များတာကြောင့် မိဘတွေက ၆ လ အရွယ်ကလေးအဝတ်တွေကို ဝတ်ဆင်ပေးနေရပါတယ်။ ဗြိတိန်နိုင်ငံမှာ ပျမ်းမျှမွေးကင်းစကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ဟာ ၇ ပေါင်ကျော် ရှိကြောင်းလည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top