၊ မိုးမင်းထွန်း ၊
မက္ကဆီကိုနိုင်ငံမှ လူးဝစ်မန်နူရယ်ဟာ မွေးခါစက ကိုယ်အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုယ်အလေးချိန်ဟာ ထိတ်လန့် စရာကောင်းအောင်တိုးလာခဲ့ပါတယ်။ ကလေးအင်္ကျီ တွေက မတော်ဘဲဖြစ်လာပြီး အရွယ်အစားကြီးတဲ့ အင်္ကျီတွေ ပုံမှန်ဝယ်ပေးနေရပါတယ်။
အခု ၁၀လသားအရွယ်မှာ ပျမ်းမျှ အသက် ၉ နှစ်အရွယ် ကိုယ်အလေးချိန် ၇၆ ပေါင်ထိရှိလာခဲ့ပါတယ်။ ကလေးမှာ Prader-Willi syndrome ခေါ်တဲ့ ရှားပါးတဲ့မျိုးဗီဇရောဂါခံစားနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါဟာ အချိန်တိုင်း ဆာလောင်နေတတ်ပြီး အဝလွန်တာ၊ အမျိုးအစား (၂) ဆီးချို ဖြစ်တာစတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။အလွန်အကျွံ အဝလွန်တာကြောင့် ကလေးတွေမှာ နှလုံးအမောဖောက်ကာ အသက်ဆုံးရှုံးမှုဖြစ်ပေါ်စေတတ်ကြောင်းသိရပါတယ်။ မိဘတွေက ကလေးရဲ့ ကျန်းမာရေးပြဿနာအတွက် စိတ်ပင်ပန်းစိုးရိမ်နေကြပါတယ်။ ဈေးကြီးတဲ့ ဟော်မုန်းဆေးထိုးကုသမှုတွေ အများအပြားလုပ်ရဖို့ရှိနေပြီး ဟော်မုန်းတစ်ခါထိုးတိုင်း စတာလင်ပေါင် ၄၀၄ ပေါင် ကုန်ကျဖို့ရှိနေပါတယ်။ မိဘတွေက ကလေးကုသစရိတ်အတွက် ဘဏ်အကောင့်တစ်ခုဖွင့်ထားပြီး စေတနာရှင်တွေ အနေနဲ့တတ်နိုင်သလောက် ဆေးကုသစရိတ်ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ်သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)