Healthy Life Ad
Q & A

ခွဲမွေးထားတဲ့ဗိုက် ရိုးရိုးမွေးလို့ ရ၊ မရ . . .

မေး ။ ပထမကိုယ်ဝန်တုန်းက ဗိုက်ခွဲပြီး ကလေးမွေးထားတာပါ။ နောက်ကိုယ်ဝန်ဆောင်ရင် ရိုးရိုးမွေးလို့ ရပါသလား။

ဒွေးမယ်နော် (FB)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှပြန်လည်ဖြေကြားပေးသည် ။

ဖြေ ။ ပထမ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ခွဲမွေးထားတာလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ တချို့ ကျတော့ အရိုးကွင်းကျဉ်းလို့ ဗိုက်ခွဲမွေးရတာတွေ ရှိပါတယ်။ ပထမကလေးတုန်းက ရိုးရိုးမွေးကြည့်ပေမယ့် အရိုးကွင်းကျဉ်းလို့ ကလေးကို ဗိုက်ခွဲမွေးရတာမျိုးဆိုရင် နောက်တစ်ခါ ကိုယ်ဝန်ရှိလည်း ဒီအရိုးကွင်းက ကျဉ်းနေမှာပဲ။ အဲဒီအခါ အတင်းကြိုးစားပြီး ရိုးရိုးမွေးရင် အန္တရာယ်ကြီးပါတယ်။ အဲဒီအတွက် ဘာကြောင့် ပထမတစ်ခါတုန်းက ခွဲမွေးခဲ့ရသလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ကလေးက အနေအထား မမှန်လို့ ပထမတစ်ခါက ခွဲမွေးခဲ့ရတာလား၊ တခြားအကြောင်းတွေကြောင့် ခွဲမွေးခဲ့ရတာလား စတာတွေကို ကြည့်ပြီးမှ နောက်တစ်ကြိမ် ရိုးရိုးမွေးလို့ ရ၊ မရ ဆုံးဖြတ်ရပါမယ်။

ရိုးရိုးမွေးမယ်ဆိုရင်လည်း ဆေးရုံမှာ သေချာကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ မွေးရမယ်။ အချိန်မရွေးခွဲမွေးလို့ရတဲ့ နေရာမျိုး ဖြစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတစ်ကြိမ်တုန်းက ခွဲမွေးထားတော့ ရိုးရိုးမွေးဖို့ ကြိုးစားတဲ့အခါ ဗိုက်ကို ညှစ်ရင်း ချုပ်ရိုးက ကွဲထွက်တတ်ပါတယ်။ ဒါကြောင့် ခွဲစိတ်မွေးသင့်သလားဆိုတာ သေချာစောင့်ကြည့်နိုင်မယ့် ဆေးရုံမှာ ကျွမ်းကျင်တဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ အပ်နှံပြီး မွေးဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top