Healthy Life Ad
International

မိသားစုဝင် ၁၄ ယောက်လုံး၌ ခြေ ၆ ချောင်း၊ လက် ၆ ချောင်းပါသည့် ဒီဆီးလ်ဗားမိသားစု

၊ မိုးမင်းထွန်း ၊

မိဘအများစုက သူတို့ရဲ့သားသမီးမှာ မွေးရာပါ အပိုလက်ချောင်း၊ ခြေချောင်းပါလာရင် ချို့ယွင်းချက်တစ်ခုလို့ ယူဆကြပေမယ့် ဘရာဇီးနိုင်ငံမှ ဒီဆီးလ်ဗားမိသားစုဝင်တွေကတော့ ဒီလိုမယူဆကြပါဘူး။ သူတို့မိသားစုဝင် ၁၄ ယောက်မှာ လက်ချောင်း၊ ခြေချောင်း ၆ ချောင်းစီရှိကြပြီး ဒါကို အားသာချက်အဖြစ် သဘောထားကာ ပိုကောင်းတဲ့ ဂီတသမား၊ ပိုတော်တဲ့ ဂိုးသမားတွေဖြစ်လာကြတယ်လို့ ယူဆထားကြပါတယ်။

အပိုလက်ချောင်း၊ ခြေချောင်းတွေနဲ့မွေးဖွားတဲ့ မျိုးဗီဇရောဂါကို Polydactyly လို့ခေါ်ကြပြီး ကလေး ၁၀ဝ၀ မွေးတိုင်း တစ်ကြိမ်ဖြစ်ပွားတတ်ပါတယ်။ ဒီဆီးလ်ဗားမိသားစုဟာ မြို့ပေါ်မှာ ခြောက်မိသားစုအဖြစ် နာမည်ကြီးပါတယ်။ နောက်ဆုံးမျိုးဆက်အဖြစ် မကြာခင်က သားငယ် ဗီနီးရှပ်စ်ကိုမွေးဖွားခဲ့ပြီး သူ့မှာလည်း လက်ချောင်း၊ ခြေချောင်း ၆ ချောင်းစီပါဝင်လာခဲ့ပါတယ်။ ဇနီးဖြစ်သူက ပုံမှန် လက် ၅ ချောင်းသာရှိတာကြောင့် ကလေးမှာ မျိုးရိုးလိုက်ဖို့ ၅၀ ရာခိုင်နှုန်းသာရှိပေမယ့် မျိုးရိုးဆက်ခံခဲ့တာဖြစ်ပါတယ်။

သူတို့အဘိုးလက်ထက်ကတည်းက လက်ချောင်း ၆ ချောင်းကို မိသားစုသင်္ကေတအဖြစ် ယူဆခဲ့ပြီး ဒီလို အပိုလက်ချောင်း၊ ခြေချောင်းကြောင့် ဂုဏ်ယူကြောင်း မိသားစုဝင်တွေက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top