Healthy Life Ad
International

နွားတင်းကုပ်ထဲတွင် ၁၇ နှစ်ကြာ သံခြေချင်းခတ်ခံထားရသည့် စိတ်ဝေဒနာသည်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ခရိုင်မှာ နေထိုင်တဲ့ အသက် ၅၆ နှစ်အရွယ် စူဂူအောက်ဖာဟာ ၂၀ဝ၀ ခုနှစ်ကတည်းက မိသားစုနေအိမ်မှာ အကျဉ်းချခံထားခဲ့ရပါတယ်။ ကြမ်းတမ်းဒေါသထွက်တတ်တဲ့ စိတ်ဝေဒနာသည်စူဟာ လူတွေကို ခြိမ်းခြောက်ရန်ပြုတတ်သလို အိမ်နီးနားချင်းတွေနဲ့ မကြာခဏရန် ဖြစ်လေ့ရှိပါတယ်။ အိမ်နီးချင်းတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အကြိမ်ကြိမ်မီးရှို့ဖို့ကြိုးစားခဲ့တာကြောင့် နောက်ဆုံးမှာ မိသားစုက သူ့ကို သံခြေချင်း ခတ်ကာ နွားတင်းကုပ်ထဲချုပ်နှောင်ထားခဲ့ရပါတယ်။ ပန်းကန်ခွက်ယောက်တွေ ရိုက်ခွဲမှာစိုးရိမ်တာကြောင့် ပလတ်စတစ်အိတ်နဲ့သာ အစာကျွေးခဲ့ရပါတယ်။

၁၉၉၁ ခုနှစ်မှာ စိတ်ရောဂါလက္ခဏာတွေ စတင်ခံစားခဲ့ရပြီး ရာသီဥတုဆိုးရွားတဲ့အခါ ရောဂါပိုဆိုးတတ်တယ်လို့ သိရပါတယ်။ မိသားစုက ဆင်းရဲတာကြောင့် ဆေးကုမပေးနိုင်ခဲ့ပါဘူး။ စူရဲ့ကြေကွဲဖွယ်အဖြစ်ကို ကြားသိရပြီးနောက် ဒေသတွင်းဆေးရုံတစ်ရုံမှ အခမဲ့ဆေးကုသပေးမယ်လို့ မကြာခင်က ကမ်းလှမ်းခဲ့ပါတယ်။ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက်မှာ စူဟာ အချုပ်အနှောင်ခံဘဝမှ လွတ်မြောက်လာခဲ့ပါတယ်။ လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးအတွက် အစီအစဉ်တွေပြုလုပ်ပေးဖို့ရှိကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top