Healthy Life Ad
Life Style

လူအများသိလိုသော အသည်းကျန်းမာရေးဆိုင်ရာ အမေးအဖြေများ(၂)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ စီပိုးဆေးစားနေရင် မောတတ်ပါသလားရှင့်။
Moe Thet(FB)

ဖြေ။ ။ ဘယ်ဆေးပဲဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးနည်း နည်းတော့ ရှိပါတယ်။ ခဏတာ အစားအသောက် ပျက်တဲ့သူတွေမှာ နည်းနည်းခေါင်းကိုက်တာလောက်ပဲ ကြားဖူးပါတယ်။ မောတာ၊ နုံးတာ ဖြစ်နိုင်ပေမယ့် အများအားဖြင့် စီပိုးဆေးသောက်လို့ ဘာမှမဖြစ်ကြပါဘူး။

မေး။ ။ ဘီပိုးခွံက ပျောက်နိုင်ပါသလားရှင့်။
Cung Hlei Tial Nu (FB)

ဖြေ။ ။ ပျောက်နိုင်ပါတယ်။ တချို့က ဘီပိုးသတ်ဆေး (Anti viral)ကို ကြာကြာ မှီဝဲပေးရပါတယ်။

မေး။ ။ ဘီပိုးအဖြေအရ ၃၂၇.ဝ၀လို့ ရေးထားပါတယ်။ စိုးရိမ်ရပါသလား။ ဆေးကုဖို့ လိုပါသလားရှင့်။
Moe Sat Kabar(FB)

ဖြေ။ ။ ဘီပိုးကောင်ရေကို ဆိုလိုတယ်ထင်ပါတယ်။ ဘီပိုးကိုစစ်ရင်ပိုးကောင်ရေစစ်တယ်၊ ပြီးတော့ အာထ ရာဆောင်းရိုက်ပြီး အသည်းက ကောင်းသလား၊ အသည်းက ရောင်နေသလား၊ အသည်းမှာ ထိခိုက်ဖူးလား၊ အသည်းခြောက်သလားဆိုတဲ့ အသည်းရဲ့ လုပ်ဆောင်ချက်ကို ပြန်စစ်ပါတယ်။ အဲဒီအဖြေက ကောင်းတယ်ဆိုရင် ပိုးကောင် ရေ ၃၂၇ ဆိုတာ မများပါဘူး။ ဒီလောက်ပိုးကောင်ရေဆိုရင် ပိုးသတ်ဆေး တောင် သောက်ဖို့မလိုသေးပါဘူး။ ဒါပေမဲ့ အသည်းခြောက်သလား၊ မခြောက်ဖူးလားဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ အသည်းခြောက်တယ်ဆိုရင်တော့ ပိုးသတ်ဆေးက တစ်သက်လုံးသောက်ရမှာ ဖြစ်ပါတယ်။ ပိုးကောင်ရေက အချိန်မရွေး တိုးသွားနိုင်လို့ပါ။

သွေးစစ်တာ စီပိုးတွေ့တယ်ဆိုတာက Antibody ကိုပဲ ကြည့်တာပါ။ ပြီးတော့ ပိုးကောင်ရေ ကျန်သေးသလား၊ မကျန်တော့ဘူးလားဆိုတာသိအောင် ပိုးကောင်ရေစစ်လိုက်တော့မတွေ့ဘူး။ ဒါက သူ့ဘာသာသူပျောက်သွား တာပါ။ စီပိုးရှိသူ ၁၅-၂၀ ရာခိုင်နှုန်းလောက်က သူ့ဘာသာပျောက်သွားတတ်ပါတယ် . . .

မေး။ ။ ကျွန်မက အသက် ၃၂ နှစ်ပါ၊ ဘီပိုးရှိနေပါတယ်။ ပိုးကောင်ရေက ၂၀ဝရာပါ ကိုယ်ဝန်ရှိမှ ဘီပိုးရှိမှန်း သိတာပါ။ ဆေးလည်းသောက်ဖြစ်ပါတယ်။ ဆေးလည်း စစ်ဖြစ်ပါတယ်။ ဆရာဝန်က ဒီဆေးတိုက်ပါတယ်။ sebivo tm 600mg နှစ်လသောက်ခိုင်းပါတယ်။ ကလေးမွေးတော့ ကလေးအတွက်ကာကွယ်ဆေး နှစ်မျိုးလုံးထိုးထားပါတယ်။ အခုကလေးက ၉လထဲမှာပါ။ ပိုက်ဆံမရှိတော့ ကလေးမွေးပြီ တစ်လနေ ပြန်ခေါ်ထားတာသွားမပြဖြစ်ဘူး။ ဆေးကပိုနေတော့ ဆက်သောက်လို့ရလားသိချင်ပါတယ်။
Khin Khin (FB)
ဖြေ။ ။ ဆေးသောက်ရင်း ပိုးကောင်ရေက သုညအထိ ဖြစ်သွားတတ်တယ်။ ဒါပေမဲ့လည်း ဆက်သောက်ဖို့ လိုပါတယ်။

မေး။ ။ ကျွန်တော်က ဘီပိုးရှိပါတယ်။ အခုဆေးသောက် နေတာ ၇လရှိပါပြီ။ အသည်းကရောင်နေတယ်လို့ လည်းပြောပါတယ်။ ညာဘက်ရင်ဘတ်က နည်းနည်းအောင့်တယ်။ ဆေးသောက်ရင် အောင့်တာပျောက်နိုင်ပါ့မလား။
Shwe Pyae(FB)

ဖြေ။ ။ အသည်းက ညာဘက်ဝမ်းဗိုက်ရဲ့အပေါ်နားမှာ ရှိတာဆိုတော့ ညာဘက်ရင်ဘတ်နဲ့ နည်းနည်းနီးပါတယ်။ ဆေးသောက်ရင် ပိုးကောင်ရေလည်း လျော့ နည်းသွားမယ်။ ဒီလိုအောင့်တဲ့ ဝေဒနာလည်း တဖြည်းဖြည်း သက်သာသွားမယ်။ ဆေးမသောက်ရင် ဘီပိုးကလည်း ပွားနေမယ်၊ အသည်းကလည်းရောင် လာမယ်၊ ဆေးလည်း မှန်မှန်သောက်လိုက်ရင် ပိုးကောင်ရေလည်း ကျသွားမယ်၊ အသည်းရောင်တာလည်း သက်သာသွားမယ်။ တချို့ဆိုရင် ၄-၅-၆ လ အတွင်း ဆေးမှန်မှန်သောက်ရင်း ပိုးကောင်ရေက သုညရောက်သွားပါတယ်။ ဒါပေမဲ့ ဘီပိုးသတ်ဆေး (Anti viral)ကို ချက်ချင်း ဖြတ်လို့မရဘူး။ ပြန်ပြီး စစ်စရာလေးတွေ စစ်ရသေးတယ်။ ဆရာဝန်နဲ့ တိုင် ပင်ပြီးမှ ဖြတ်သင့်ပါတယ်။ ဒါကြောင့် ပြောချင်တာက ဆေးကို တစ်နေ့ တစ်လုံး မှန်မှန်သောက်ပေးပါ။ မှန်မှန်သောက်ပေးရင် ပိုးကောင်ရေကျသွားပြီး သူများကိုလည်း ဘီပိုးမကူးတော့ဘူး။ ကိုယ်လည်း ရောဂါမရင့်တော့ပါဘူး။

မေး။ ။ သွေးစစ်တာ စီပိုးရှိတယ်။ ပိုးကောင်ရေစစ်တော့ ပိုးကောင်ရေမတွေ့ဘူး။ ဘာဆက်လုပ်ရမလဲရှင်။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။
Aung Hlamyint(FB)

ဖြေ။ ။ ဒါက အရမ်းကောင်းပါတယ်။ သွေးစစ်တာ စီပိုးတွေ့တယ်ဆိုတာက Antibody ကိုပဲ ကြည့်တာပါ။ ပြီးတော့ ပိုးကောင်ရေ ကျန်သေးသလား၊ မကျန်တော့ဘူးလားဆိုတာ သိအောင် ပိုးကောင်ရေစစ် လိုက်တော့မတွေ့ဘူး။ ဒါက သူ့ဘာသာသူ ပျောက်သွားတာပါ။ စီပိုးရှိသူ ၁၅-၂၀ ရာခိုင်နှုန်းလောက်က သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။ ဒါက ကုစရာ မလိုတော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top