Healthy Life Ad
Women

အာလူးသုံးရုံနဲ့ ပိုကြည့်ကောင်းစေမည့် နည်းလမ်းကောင်းများ

၊ လရိပ်မေ ၊

အာလူးရှိရုံနဲ့လည်း ပိုလှအောင် ပြုပြင်နိုင်ပါတယ်။

– မျက်ကွင်းညိုခြင်းနှင့် မျက်အိတ်ဖောင်းခြင်းအတွက်

အာလူးက မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ အာလူးစိတ်တွေကို ရေခဲသေတ္တာထဲထည့်ထားပြီး မျက်ဝန်းတွေပေါ်အုပ်ပေးပါ။ ချက်ချင်းအနာကျက်စေပြီး ဖောင်းအစ်တာကို လျော့ပါးစေပါတယ်။

– ဆံပင်ကျွတ်ခြင်းအတွက်

အာလူးကြိတ်ရည်နဲ့ ရှားစောင်းလက်ပပ်အနှစ်သားတို့ကိုရောပြီး ဦးရေပြားကိုလိမ်းပေးပါ။ ဆံပင်အဖျားတွေကိုပါလိမ်းရင် နှစ်ခွကွဲတာမဖြစ်စေပါဘူး။

– အမည်းစက်နှင့် အမာရွတ်လျော့ပါးစေရန်အတွက်

အာလူးကြိတ်ရည်နဲ့ ပျားရည်ရောပြီး အမည်းစက်တွေနဲ့ အမာရွတ်ပေါ် လိမ်းပေးပါ။ မိနစ် ၂၀ကြာမှ သေချာသန့်စင်အောင် ဆေးကြောလိုက်ပါ။

– ဆံပင်သား တောက်ပစေရန်အတွက်

အာလူးကိုပြုတ်ပြီး အခွံခွာကာ တစ်နာရီကြာထားပါ။ ပြီးရင် အာလူးကို ကြိတ်ကာရလာတဲ့အရည်ကို ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ ဆံပင်သားတောက်ပစေပါတယ်။

– ဝက်ခြံကင်းစင်စေရန်အတွက်

အသားအရေကြည်လင်စေဖို့ အာလူးကြိတ်ရည်ကို မျက်နှာအပြစ် အနာအဆာတွေပေါ် တိုက်ရိုက်လိမ်းပေးပါ။ အာလူးကြိတ်ရည်ကို တိုနာသဘောမျိုး သုံးနိုင်ပါတယ်။

– အသားအရေတောက်ပစေရန်အတွက်

အာလူးကြိတ်ရည်ထဲ တစ်ရှူးစ ဒါမှမဟုတ် ပိတ်စနှစ်ပြီး သန့်စင်ထားတဲ့ မျက်နှာပေါ်အုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top