Healthy Life Ad
Health Tips

အဆင်သင့်အာလူးချောင်းကြော် မစားသင့်သော အကြောင်းရင်းသုံးရပ်

———၊ ငွေကြယ်စင်ယံ ၊———

အဆင်သင့် အာလူးချောင်းကြော်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာမဟုတ်ပါဘူး။ အာလူးချောင်းကြော်ကို အများကြီးစားမိရင် ဆိုးကျိုးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

(၁) မကောင်းသောအဆီများ ပါဝင်ခြင်း

အာလူးချောင်းကြော်ထဲမှာ ပြည့်ဝဆီပါဝင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့လို ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ပြည့်ဝဆီ ဒါမှမဟုတ် မကောင်းတဲ့ဆီဟာ သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေနိုင်ပါတယ်။ ပြည့်ဝဆီက သွေးလှည့်ပတ်မှုစနစ်ထဲက ထရိုင်ဂလစ်စရိုက်အဆင့်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် သွေးခဲကပ်ငြိကာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ထောက်ပံ့မှု ပြတ်လပ်သွားစေနိုင်ပါတယ်။ အဲဒီအခါ လေဖြတ်တာနဲ့ နှလုံးရောဂါထတာ (Heart Attack) ဖြစ်နိုင်ခြေများပါတယ်။

(၂) အဆိုးဆုံး ကာဗိုဟိုက်ဒရိတ်များဖြင့် ပြုလုပ်ထားခြင်း

အာလူးက သင့်ကျန်းမာရေးအတွက် ကောင်းပေမယ့် အာလူးကြော်အဖြစ် ပြောင်းလဲပြင်ဆင်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ် အလွယ်တကူ ပြောင်း လဲသွားနိုင်သလို အဆီအဖြစ် သိုလှောင်ထိန်းသိမ်းထားပါတယ်။ ဒီလို အာလူးအမျိုးအစားကို စားတာကြောင့် ကိုယ်အလေးချိန် အလွယ်တကူ မြင့်တက်စေနိုင်ပါတယ်။

(၃) ထရန့်စ်ဖက်စ် ပါဝင်ခြင်း

အာလူးချောင်းကြော်က အလွန်အရသာရှိပေမယ့် အာလူးချောင်းကြော်ထဲမှာ ပါဝင်တဲ့ ထရန့်စ်ဖက်စ်ကတော့ နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေအတွက် အဓိကအန္တရာယ်ပါ။ ထိခိုက်နေတဲ့ အဆီတွေက ခန္ဓာကိုယ်ထဲမှာ ကင်ဆာသဖွယ် ပြုမူတတ်ပါတယ်။ အာလူးချောင်းကြော်မှာ ကင်ဆာဖြစ်စေတဲ့ Acrylamide ပါဝင်တာကြောင့် အသက်သုံးနှစ်နဲ့ ငါးနှစ်ကြားအရွယ် ကလေးတွေမှာ ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

Most Popular

Healthy Life Ad
To Top