Healthy Life Ad
Q & A

သားအိမ်ရောဂါ ဘယ်သူ့မှာ ပိုဖြစ် . . .

မေး။ ။ သားအိမ်က ကလေးမွေးဖို့ပါ။ သားအိမ်ရှိပြီးတော့ ကလေးမမွေးတဲ့ အပျိုကြီးတွေက ကလေးမွေးတဲ့ မိခင်ထက် သားအိမ်ရောဂါရဖို့ ပိုများပါသလား။
မမြင့်အေး၊ ဘားအံ။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ လောကကြီးဟာ ကိုယ့်တာဝန် ကိုယ်မကျေတဲ့သူတွေကို ဒဏ်ခတ်တတ်ပါတယ်။ တစ်ခါတလေကျရင် အပျိုကြီးတွေမှာ ပိုဖြစ်တတ်တဲ့ ရောဂါတွေ ရှိပါတယ်။ သားအိမ်မှာ သားအိမ်ကိုယ်ထည်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဆိုပြီး ဖြစ်နိုင်တဲ့အနက် သားအိမ်ကိုယ်ထည်ကင်ဆာက အပျိုကြီးတွေမှာ ပိုဖြစ်နိုင်ခြေများတယ်။

သားအိမ်ထဲက အသားလုံးတွေက အပျိုကြီးတွေမှာ ပိုဖြစ်တယ်။ ရင်သားကင်ဆာကလည်း အပျိုကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အပျိုကြီးတွေမှာ ဒီလိုဖြစ်လို့ယောကျာ်းတွေအများ ကြီးယူ၊ ကလေးတွေ အများကြီးမွေးရင်ကော ကောင်းလားဆိုတော့ အဲဒီလို အမျိုးသမီးတွေကျ တော့သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top