Healthy Life Ad
Life Style

ယွန်းအွန်ဟေး ထိပ်တန်းအလှအပ လျှို့ဝှက်ချက် ငါးရပ်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီးတွေလို လှချင်သူတို့အတွက် ကိုရီးယားမင်းသမီးယွန်းအွန်ဟေးရဲ့ ထိပ်တန်းအလှအပ လျှို့ဝှက်ချက်တွေကို မျှဝေလိုက်ပါတယ်။

(၁) ဆံပင်သား ထိန်းသိမ်းခြင်း

ဆံပင်လိမ်းဆီကို ရေနွေးနည်းနည်းနဲ့ရောပြီး ခေါင်းလျှော်ပြီးတိုင်း နောက်ဆုံး ပွတ်သပ်ပေးလိုက်ပါတယ်။ ဒီနည်းက ဆံပင်အဖျားတွေကို နှစ်ခွကွဲတာ သက်သာစေပါတယ်။

(၂) အသားအရေထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းမှုမှာ အရေးပါဆုံးအပိုင်းက သန့်စင်တာနဲ့ ကြေးချွတ်တာပါပဲ။ မနက်တစ်ခါ၊ ညတစ်ခါ သေချာသန့်စင်ပြီး တစ်ပတ်တစ်ကြိမ် ငြင်ငြင်သာသာ ကြေးချွတ်ပေးပါတယ်။

(၃) အသားအရေအစိုဓာတ်ထိန်းခြင်း

ကျွန်မအသားအရေက ခြောက်သွေ့တဲ့ အမျိုးအစားရှိပါတယ်။ ဒါကြောင့် ပျင်းနေရင်တောင် အသားအရေပျော့ပျောင်းစိုပြေစေဖို့ မျက်နှာကို အဆီတစ်မျိုးအမြဲလိမ်းလေ့ရှိပါတယ်။

(၄) အသင့်အတင့်

ကျွန်မအလှပြင်တဲ့နည်းက နှုတ်ခမ်းနီတောက်တောက်ဆိုးရင် မိတ်ကပ်ထူထူ မလိမ်းပါဘူး။ မျက်ခုံးထူထူဆိုးရင် အိုင်းလိုင်နာဖျော့ဖျော့ပဲ ဆိုးပါတယ်။ ဒီနည်းနဲ့ သဘာဝအလှပိုင်ရှင်ဖြစ်ဖို့ ပြင်ပါတယ်။

(၅) ခရင်မ်အမျိုးအစား ပါးနီနှင့် အိုင်းရှဲဒိုး

ခရင်မ်အမျိုးအစား ပါးနီနဲ့ အိုင်းရှဲဒိုးကို သဘောကျပါတယ်။ ဒါက အသားအရေပေါ်မှာ ပိုသဘာဝကျတယ်လို့ ယူဆပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top