Healthy Life Ad
Q & A

အရိုးကျိုးတဲ့အခါ . . .

မေး. ခန္ဓာကိုယ်မှာ အရိုးတစ်ခုခုကျိုးတဲ့အခါ ဘယ်လိုလက္ခဏာတွေကိုကြည့်ပြီး သိနိုင်ပါသလဲဆရာ။ အဘွားရဲ့ လက်ကောက်ဝတ်အရိုးလေးကျိုးတာ အတော်ကြာမှသိရလို့ပါ။
ဇင်မောင်၊ သာကေတ။

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အရိုးကျိုးပြီဆိုရင် အဓိက လက္ခဏာ (Cardinal Signs Of Fracture) တွေကိုကြည့်ပြီး အများအားဖြင့် ပြောနိုင်ပါတယ်။ အဲဒီလက္ခဏာတွေကိုတွေ့ရရင် အရိုးကျိုးတာဖြစ်နိုင်ခြေ ရာခိုင်နှုန်းများပါတယ်။

(၁) အရိုးတည့်တည့်ပေါ်မှာ ကွက်ပြီးနာတာ၊ အရိုးနေရာကို ထိလိုက်ရင်နာတာ (Localised Bony Tenderness)

(၂) အရိုးကိုလှုပ်လိုက်ရင် ကလိကလိ အသံမြည်တာ (Bony Crepitus)

(၃) အရိုးကပုံပျက်နေတာ (Deformity)

(၄) အဆစ်ကိုလှုပ်ကြည့်လိုက်တဲ့အခါ အဆစ်ကမလှုပ်ဘဲ အရိုးရဲ့အလယ်မှာ လှုပ်နေတာ (ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုဖြစ်နေတာ) (Abnormal Movement)

(၅) ပုံမှန်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တာ (Loss Of Function) (ဆိုလိုတာက ပေါင်ကျိုးရင်၊ ခြေထောက်ကျိုးရင် လမ်းလျှောက်လို့ မရတာမျိုး၊ လက်ကျိုးရင်လက်ကို မမြှောက်နိုင်တာမျိုးဖြစ်တာကို ပြောတာပါ။)

အရိုးကျိုးတိုင်း ဒီအထက်က လက္ခဏာငါးခုစလုံးတွေ့ချင်မှ တွေ့နိုင်ပါလိမ့်မယ်။ လက္ခဏာတစ်ခုကို သေချာတွေ့ရင် အရိုးကျိုးဖို့ အလားအလာများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top