Healthy Life Ad
International

အသားစားပိုးဝင်ခြင်းကြောင့် မျက်နှာတစ်ခြမ်းပျက်စီးသွားသည့် မိခင်

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၄၆ နှစ်အရွယ် ကလေး ၃ယောက်မိခင် ဒွန်နာကော်ဒင်ဟာ ဒီနှစ်အစောပိုင်းက ခေါင်းနဲ့မီးဖိုနဲ့ မတော်တဆရိုက်မိခဲ့ပါတယ်။ ဘယ်ဖက်မျက်ခုံးအပေါ်နားမှာ ဒဏ်ရာသေးသေးလေး တစ်ခုရရှိခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ မျက်နှာဟာ ကြောက်စရာကောင်းအောင် အညိုအမည်းစွဲလာတာကြောင့် ဆေးရုံသို့ပြေးခဲ့ရပါတယ်။

ဆရာဝန်တွေက သေစေနိုင်တဲ့ Necrotising fasciitis အမည်ရ အသားစားပိုးဝင်သွားတာကြောင့်ဖြစ်တဲ့ အခြေအနေဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ပါတယ်။ အသက်ကယ်တင်ဖို့အတွက် ပုပ်သွားတဲ့အသားတွေကို ဖြတ်ထုတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာ သွေးဆိပ်တက်တာကြောင့် ဒွန်နာဟာ အသက်ရှင်ဖို့မရေမရာ ဖြစ်လာခဲ့ပြန်ပါတယ်။ ခန္ဓာကိုယ်အင်္ဂါတွေ လုပ်ဆောင်မှုချို့ယွင်းလာတာကြောင့် မေ့ဆေးပေးကာ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသခဲ့ရပါတယ်။

ကံကောင်းစွာပဲ ဒွန်နာဟာ သက်သာလာခဲ့ပြီး နောက်ပိုင်းမှာ ဆရာဝန်တွေက ခြေထောက်အောက်ပိုင်းမှ အရေပြားနဲ့ သူ့ရဲ့မျက်နှာကို အစားထိုးခွဲစိတ်ပေးခဲ့ပါတယ်။ နောင်လာမယ့်လတွေမှာ နောက်ထပ်ခွဲစိတ်မှုတွေ ပြုလုပ်ရဖို့ရှိနေသေးကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top