Healthy Life Ad
Q & A

သွေးတိုးမှ ဆေးသောက်ရမှာလား . . .

မေး. ကျွန်မအမျိုးသားက သွေးတိုးရောဂါရှိပါတယ်။ ဒါပေမဲ့ သူက ဆေးကိုပုံမှန်မသောက်ချင်ဘူး။ သွေးတိုးမှ ဆေးသောက်ရမှာလို့ ပြောတယ်ဆရာ။ အဲဒီလိုနည်းလမ်းနဲ့ ဆေးသောက်တာက မှန်ပါသလား။
လဲ့ယဉ်နွယ်၊ ချောက်မြို့။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးတိုးရှိမှန်း သိတဲ့လူတွေကို မေးကြည့်တော့ လူအယောက် ၁၀ဝမှာ ၂၀ လောက်ပဲ ဆေးမှန်မှန်သောက်တာကို သွားတွေ့ရပါတယ်။ ကျန်တဲ့သူတွေက မသောက်ပါဘူး။ ဒါက ကြောက်ဖို့ကောင်းပါတယ်။ လူတွေက သွေးတိုးမှသာ ဆေးသောက်ပါတယ်။ အဲဒါကြောင့် နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာနဲ့ နှလုံးသွေးကြောပိတ်တဲ့ရောဂါတွေကို မကာကွယ်နိုင်တာတွေ အများကြီးဖြစ်နေတာပါ။ သွေးတိုးသမားတွေက သွေးပေါင်မှန်မှန်ချိန်၊ နေထိုင်စားသောက်မှုကိုဂရုစိုက်ပြီး ဆေးမှန်မှန်သောက်ရင် သက်တန်းစေ့နေနိုင်ပါတယ်။ မဟုတ်ရင်တော့ နာတာရှည်ရောဂါဖြစ်သွားမှာပါ။ WHO စကားနဲ့ဆိုရင် DALY လို့ခေါ်ပါတယ်။

သွေးတိုးရောဂါ ရှိတဲ့သူတွေအနေနဲ့ သေချာကာကွယ်မှုမလုပ်မိလို့ မသန်စွမ်းဖြစ်သွားရင် အလုပ်မလုပ်နိုင်တော့တဲ့အပြင် ပြုစုဖို့လူကလည်း လိုအပ်လာပါတယ်။ လူနာအနေနဲ့ ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေး (Quality of Life)လည်း မရှိတော့ပါဘူး။ မိသားစုမှာလည်း ကုန်ကျစရိတ် အပိုကုန်တဲ့အပြင် မိသားစုမှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ရပါတယ်။ နာတာရှည်ရောဂါကို မကာကွယ်ရင် တစ်သက်လုံး ကုသမှုခံယူနေရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါမဖြစ်အောင် စနစ်တကျ ကာကွယ်ကြဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top