Healthy Life Ad
Health Tips

သင့်ကို ထုံထိုင်းအောင် ဖြည်းဖြည်းချင်း ပြုလုပ်ပေးနေသော အစာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်အနေနဲ့ ဉာဏ်ရည်ထက်မြက်ချင်ရင် သင့်ဉာဏ်ရည်ကို ထိခိုက်လျော့ပါးစေနိုင်တဲ့ အစာတွေကို သတိပြုဆင်ခြင်သင့်ပါတယ်။

– အချိုစာများ
အခွံချွတ်ထားတဲ့ သကြားဖြူက သင့်ကိုယ်ဟန်အတွက် မကောင်းပါဘူး။ သကြားများတဲ့ အချိုစာတွေက မှတ်ဉာဏ်ထိခိုက်စေပြီး သင်ယူလေ့လာနိုင်စွမ်းကို အဟန့်အတားဖြစ်စေပါတယ်။ သကြားဖြူများများပါတဲ့ အစာတွေကိုစားရင် ဦးနှောက်ဆဲလ်တွေကို မကောင်းတဲ့ သက်ရောက်မှုဖြစ်နိုင်ပါတယ်။

– အချိုတု
ဆေးသကြားနဲ့အချိုတုတွေ စားတာက ဦးနှောက်ရဲ့ တွေးတောဆင်ခြင်တဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေပါတယ်။

– ပြောင်းလဲဆီ
ပြောင်းလဲဆီ(Trans Fat)ပါတဲ့ အစာတွေက သွေးတွင်းကိုလက်စထရော အဆင့်တိုးစေပြီး သွေးပြန်ကြောတွေကို ထိခိုက်စေပါတယ်။ ဒီနည်းနဲ့ ဦးနှောက်ကိုကျုံ့စေပြီး မှတ်ဉာဏ်ထိခိုက်စေနိုင်ပါတယ်။

– ဆိုဒီယမ်
ဆိုဒီယမ်များများစားတာက သွေးဖိအားနဲ့ နှလုံးအတွက် မကောင်းပါဘူး။ ဦးနှောက်နဲ့ နှလုံးကျန်းမာချင်ရင် ဆိုဒီယမ်(ဆား)ကို တတ်နိုင်သမျှဆင်ခြင်ပါ။

– အခွံချွတ်ထားသော ကောက်နှံစာများ
ကောက်နှံတစ်ခုလုံးစားတာကကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ အခွံချွတ်ထားတဲ့ကောက်နှံစာ (ဥပမာ ထမင်းဖြူ၊ ခေါက်ဆွဲဖြူ)တွေကို များများစားရင် အိုမင်းမှုဖြစ်စဉ်ကိုတိုးစေပြီး ဦးနှောက်ကျန်းမာရေးထိခိုက်ကာ မှတ်ဉာဏ်ဆုံးရှုံးစေပါတယ်။

– ပြုပြင်ထားသော အသားများ
ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဝက်ပေါင် ခြောက်စတာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေကို ရောင်ရမ်း မှုဖြစ်စေပြီး ထိခိုက်စေပါတယ်။

– မကျက်တကျက်အသားများ
မကျက်တကျက ်အသားတွေကိုစားရင်လည်း မှတ်ဉာဏ်အပေါ် သက်ရောက်မှုရှိပါတယ်။

– အဆင်သင့်အစာများ
အဆင်သင့်အစာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက မှတ်ဉာဏ်၊ လေ့လာသင်ယူ နိုင်စွမ်းနဲ့ စိတ်အားတက်တာတို့ကို သက်ရောက်စေပြီး စိုးရိမ်သောကများတာနဲ့ စိတ်ဓာတ်ကျတာတို့ဖြစ်တတ်ပါတယ်။

– အရက်
အရက်အလွန်အကျွံသောက်တာက အသည်းကိုထိခိုက်စေနိုင်ပါတယ်။ အရက် အလွန်အမင်း သောက်တာကြောင့် မှတ်ဉာဏ်ကိုထိခိုက်စေပါတယ်။

– ကာဗိုဟိုက်ဒရိတ်မပါဝင်သောအစာ
ကိုယ်အလေးချိန်လျှော့လို့ ကာဗိုဟိုက်ဒရိတ်လုံးဝမစားဘဲနေရင် ကိုယ်အလေးချိန်လျော့ကျချင် လျော့ကျပါလိမ့်မယ်။ ဒါပေမဲ့ ဦးနှောက်စွမ်းအားကိုလည်း လျော့ပါးကာ မှတ်ဉာဏ်ကျစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top