Healthy Life Ad
Health Tips

မှိုဆိပ်သင့်ခြင်းအန္တရာယ်

မှိုစားပြီး အဆိပ်သင့်တယ်ဆိုတာကို မကြာခဏဆိုသလို ကြိုကြားကြိုကြား ကြားသိရပါတယ်။ မှိုတွေမှာ အန္တရာယ်ကင်းကင်း စားနိုင်တဲ့ မှိုအမျိုးအစားတွေရှိသလို အဆိပ်ရှိတဲ့ မှိုတွေလည်း ရှိပါတယ်။ အဆိပ်ရှိမှိုတချို့က ပြင်းထန်စွာ အဆိပ်သင့်စေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

အဆိပ်ရှိမှို၏ လက္ခဏာများ

• မှိုပွင့်ရဲ့ အခြေမှာ အခွက်ပါရှိတယ်။

• မှိုပွင့်ရဲ့ ရိုးတံမှာ ခြေချင်းပါရှိတယ်။

• မှိုထီးရွက်ပေါ်မှာ အကြေးဖတ်ငယ်တွေ ပြန့်ကျဲပါရှိတယ်။

• မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်တွေက အဖြူရောင်ဖြစ်နေတတ်တယ်။

• မှိုထီးရွက်က အရောင်အဆင်းတောက်ပပြီး လှနေတတ်တယ်။

• အစိမ်းရောင်မှိုမျိုးမှုန်တွေ ထုတ်လွှတ်တတ်တယ်။

မှိုတွင် အဆိပ်ရှိ၊ မရှိ စမ်းသပ်နည်း

• မှိုကို လက်နဲ့ညှစ်ကြည့်ရင် အညိုကွက်တွေ ဖြစ်ပေါ်လာခြင်းနဲ့ ချေကြည့်ရင် သွေးရောင်ထွက်လာခြင်း၊

• မှိုဟင်းထဲကို စတီးဇွန်း ဒါမှမဟုတ် ဓားနဲ့မွှေကြည့်လိုက်ရင် မှိုဟင်းမည်းသွားခြင်း၊

• မှိုဟင်းထဲကို ကြက်သွန်နီထည့်လိုက်ရင် ကြက်သွန်နီဥ မည်းသွားခြင်း၊

• မှိုကို ဆားရည်ထဲစိမ်လိုက်ရင် အရောင်မည်းလာခြင်း

မှိုဆိပ်သင့်သော လက္ခဏာများ

• မှိုစားပြီး ၂၀ မိနစ်မှ ၄ နာရီအတွင်း-

• မူးဝေအော့အန်ခြင်း

• ဗိုက်အောင့်၊ ဗိုက်နာခြင်း

• ဝမ်းသွားခြင်း

• ဦးနှောက်အာရုံကြော အဆိပ်သင့်ပြီး စိတ်ခြောက်ခြားခြင်း

• အသက်အန္တရာယ်ရှိခြင်း

မှိုဆိပ်သင့်ခြင်းအန္တရာယ် ကင်းဝေးစေရန်

• မိမိစားနေကျ၊ စားဖူးတဲ့ မှိုတွေကိုပဲ စားပါ။

• အများစားသုံးတဲ့ မှိုတွေကိုပဲ စားပါ။

• အဆိပ်ရှိတယ်လို့ သံသယဖြစ်ဖွယ်မှိုတွေ၊ သေချာမသိတဲ့ မှိုတွေ၊ မစားဖူးတဲ့ မှိုတွေကို မစားပါနဲ့။

• မှိုဆိပ်သင့်တဲ့ လက္ခဏာတွေပေါ်ရင် အနီးဆုံးဆေးရုံကို ချက်ချင်းပို့ပြီး ဆေးကုသမှု အမြန်ဆုံးခံယူပါ။

(ကိုးကား- လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ ဇူလိုင်၊ ၂၀၁၉)

Most Popular

Healthy Life Ad
To Top