Healthy Life Ad
Health Tips

မုန်လာဥနီဖျော်ရည်ကို ဘာကြောင့် နေ့တိုင်းသောက်သင့်တာလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မုန်လာဥနီဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာပါ။ အထူးသဖြင့် မျက်စိ၊ အရေပြား၊ သွားနဲ့ အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မုန်လာဥနီရဲ့ ကျန်းမာရေး စွမ်းပကားတွေကြောင့် ဖျော်စက်ထဲထည့်မွှေကာ ဖျော်ရည်အဖြစ်သောက်သုံးသင့်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများတာကြောင့် မနက်ခင်းမှာ ကော်ဖီသောက်မယ့်အစား နေ့တိုင်းသောက်ပေးသင့်ပါတယ်။

(၁) ဗီတာမင်အေ ပါဝင်မှုများပါတယ်

မုန်လာဥနီရှစ်အောင်စပါတစ်ခွက်မှာ တစ်နေ့တာမှီဝဲသင့်တဲ့ ဗီတာမင်အေရဲ့ ၈၀ဝ ရာခိုင်နှုန်းပါဝင်နေပါတယ်။ ဗီတာမင်အေက မျက်စိကျန်းမာရေးအတွက် ကောင်းစေပါတယ်။ ဒါကြောင့် မုန်လာဥနီဖျော်ရည် မှန်မှန်သောက်ပေးရင် အမြင်အာရုံကောင်းစေပြီး အရိုးတွေအတွင်း အရေးပါတဲ့တစ်သျှူးဖွံ့ဖြိုးမှုကို ကောင်းမွန်စေပါတယ်။

(၂) ဗီတာမင်စီ ပါဝင်မှုများပါတယ်

မုန်လာဥနီဖျော်ရည်မှာ ဗီတာမင်စီပါဝင်မှုများပါတယ်။ မုန်လာဥနီဖျော်ရည် ရှစ်အောင်စပါ တစ်ခွက်သောက်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ ၃၅ ရာခိုင်နှုန်းကို ရရှိစေပြီး အသားအရေ၊ သွား၊ အရိုးနဲ့ အချွဲမြှေးတွေမှာ ကော်လာဂျင်ထွက်ရှိမှု အားကောင်းစေပါတယ်။ ဗီတာမင်စီက အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တာကြောင့် ကင်ဆာကို ဟန့်တားနိုင်ပါတယ်။

(၃) ပိုတက်ဆီယမ် ပါဝင်မှုများပါတယ်

မုန်လာဥနီမှာ ပိုတက်ဆီယမ် ပါဝင်မှုများတာကြောင့် ဆဲလ်အတွင်းအရည်နဲ့ ဓာတ်ဆား ဟန်ချက်ညီစေပါတယ်။ ကြွက်သားလှုပ်ရှားမှုကိုလည်း အားကောင်းစေပါတယ်။ မုန်လာဥနီ ရှစ်အောင်စပါ တစ်ဖန်ခွက်သောက်ပေးရုံနဲ့ တစ်နေ့တာလိုအပ်တဲ့ ပိုတက်ဆီယမ်ပမာဏ ၁၀ ရာခိုင်နှုန်းရရှိစေပါတယ်။

(၄) ကယ်လိုရီ ပါဝင်မှုနည်းပါတယ်

ကိုယ်အလေးချိန်ထိန်းနေရင် မုန်လာဥနီသောက်တာနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး။ မုန်လာဥနီ ၈၀ အောင်စမှာ ကယ်လိုရီ ၈၀အောက်သာပါရှိတဲ့အတွက် ကိုယ်အလေးချိန်လျှော့နေသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါ။ မုန်လာဥနီဖျော်ရည်ထဲ နွားနို့၊ ဒိန်ချဉ် စတာတွေ ထပ်ထည့်ရင်တော့ ကယ်လိုရီမြင့်တက်လာမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top