Healthy Life Ad
International

ဒေးဗစ်ဘက်ခမ်အပါအဝင် မန်ယူနာမည်ကျော်ဘောလုံးသမားဟောင်းများက သူငယ်ပြန်ရောဂါ ခံစားနေရသည့် ငယ်ဆရာထံ သွားရောက်တွေ့ဆုံအားပေးခဲ့

၊ မိုးမင်းထွန်း ၊

အဲရစ်ဟာရစ်ဆန်က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ၉၂ ခုနှစ်အတန်းလို့ နာမည်ကျော်တဲ့ ဒေးဗစ်ဘက်ခမ်၊ ပေါလ်စခိုးစ်၊ ရိုင်ယန်ဂစ်၊ နစ်ကီဘတ်နဲ့ နဗီးလ်ညီနောင်တို့ရဲ့ ငယ်ဆရာဖြစ်ခဲ့ပါတယ်။

သူဟာ လူငယ်ကစားသမားတွေနဲ့အတူ ၁၉၉၂ ခုနှစ် FA လူငယ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး မန်ယူလူငယ်လေ့ကျင့်ရေးနည်းပြအဖြစ် ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လူငယ်ကစားသမားတွေရဲ့ လေးစားမှုရရှိခဲ့ပြီး သူ့ရဲ့ပြုစုပျိုးထောင်မှုနဲ့ ကမ္ဘာကျော်ကစားသမားတွေ အများအပြား မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲရစ်ဟာ သူငယ်ပြန်မှတ်ဉာဏ်ချို့ယွင်း ရောဂါခံစားနေရပြီး မကြာသေးမီက သူ့ရဲ့မြေးဖြစ်သူဂျိုးက ဒီသတင်းကို ဘောလုံးသမားဟောင်းတွေထံ အကြောင်းကြားခဲ့ပါတယ်။

ငယ်ဆရာရဲ့ကျေးဇူးကို မမေ့ကြတဲ့ ဘောလုံးသမားဟောင်းတွေက ဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ အဲရစ်ဆီသို့ လာရောက်အားပေးခဲ့ကြပါတယ်။ ဒေးဗစ်ဘက်ခမ်၊ ဂယ်ရီနဗီးလ်နဲ့ ပေါလ်စခိုး စတဲ့ မန်ယူဂန္ဓဝင်ဘောလုံးသမားတွေ လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဝမ်းနည်းစရာကောင်းတာက အဲရစ်က သူရဲ့တပည့်တစ်ယောက်ကိုမှ မှတ်မိခြင်းမရှိတော့တာပါပဲ။ ရောဂါဖိစီးမှုကြောင့် သူ့ဘဝရဲ့အသက်လို့ပြောရမယ့် ဘောလုံးပွဲတွေကိုတောင် လုံးဝမကြည့်နိုင်တော့ပါဘူးလို့ သမီးဖြစ်သူက ပြောပြပါတယ်။ မန်ယူဂန္ဓဝင်ရိုင်ယန်ဂစ်က သူရဲ့အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ငယ်ဆရာအဲရစ်ရဲ့ ကျေးဇူးတွေကြောင့် ကမ္ဘာကျော်ဘောလုံးသမားဘဝကို တက်လှမ်းနိုင်ခဲ့ကြောင်း အမှတ်တရကျေးဇူးတင်စကား ထည့်သွင်းခဲ့ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top