Healthy Life Ad
International

ထူးဆန်းတဲ့ ရောဂါခံစားခဲ့ရပြီး၃ ရက်အကြာဆွံ့အကာကိုယ်တိုင်အစာမစားနိုင်တော့တဲ့ ကလေး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် ကေချီစမစ်ဆိုတဲ့ သမီးငယ်လေးဟာ ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက ထူးဆန်းတဲ့ရောဂါခံစားခဲ့ရပြီး ၇၂နာရီအကြာမှာ ဆွံ့အသွားခဲ့သလို ဇွန်းနဲ့ခရင်းတောင် ကိုယ်တိုင်မကိုင်နိုင်တဲ့ အခြေအနေရောက်သွားခဲ့ပါတယ်။ ယခု ၇ လကြာသွားပြီဖြစ်ပေမယ့် ဆရာဝန်တွေက ဘာရောဂါဖြစ်ပွားတယ်ဆိုတာ အဖြေမထုတ်နိုင်ဖြစ်နေပါတယ်။


ဆရာဝန်တွေက ဦးနှောက်အကျိတ်ကနေ အော်တစ်ဇင်ရောဂါအထိ ဖြစ်နိုင်သမျှရောဂါတွေကို ရှာဖွေခဲ့ကြပေမယ့် ကေချီခံစားနေရတဲ့ ဝေဒနာကို အဖြေမရှာနိုင်သေးဘဲဖြစ်နေပါတယ်။ မိသားစုက နာမည်ကြီး ဂရိတ်အော်မွန့် စထရိဆေးရုံမှအထူးကုတွေနဲ့တွေ့ခွင့်ရဖို့ ၆လ ကြာစောင့်ရဖို့ရှိနေပါတယ်။ အလုပ်ကထွက် ထားပြီး သမီးငယ်အတွက် အချိန်ပြည့်ဂရုစိုက်ပေးနေတဲ့ မိခင်အီမီလီကတော့ အချိန်မီရောဂါ မရှာနိုင်ဘဲ ကလေးရဲ့အခြေအနေပိုဆိုးသွားမှာ စိုးရိမ်နေပါတယ်။ ကလေးနဲ့အဆက်အသွယ်လုပ်လို့မရတော့ဘဲ ဘေးနားက လူတွေကို သတိပြုမိခြင်းမရှိတော့ကြောင်း သိရပါတယ်။


ကျန်းမာသွက်လက်တဲ့ သမီးငယ်ဟာ ထူးဆန်းတဲ့ရောဂါကြောင့်မသိတဲ့ သူစိမ်းတစ်ယောက် လိုဖြစ်သွားခဲ့ကြောင်း မိခင်အီမီလီကပြောပြခဲ့ပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top