Healthy Life Ad
International

မျက်နှာမပါဘဲမွေးဖွားလာတဲ့ ကလေးငယ်ခန့်မှန်းချက်တွေ ချိုးဖျက်ကာ ၉ နှစ်မြောက်မွေးနေ့ပွဲကျင်းပ

၊ မိုးမင်းထွန်း ၊

ဘရာဇီးလ်နိုင်ငံမှ ဗစ်တိုရီးယားမာချီအိုလီဟာ Treacher Collins syndrome ရောဂါခံစားခဲ့ရပြီး မျက်နှာအရိုး ၄၀ ကြီးထွားမှုရပ်တန့်သွားတာကြောင့် မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတို့ နေရာလွဲမှားဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒီရောဂါဟာ လူ ၅၀ဝ၀ဝ မှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိတဲ့ ခန္ဓာကိုယ် အပြည့်အဝမဖွံ့ဖြိုးတဲ့ ရောဂါမျိုးဖြစ်ပါတယ်။

ဗစ်တိုးရီးယားဟာ ရောဂါကြောင့် နှာခေါင်းပုံပျက်တာ၊ ပါးစပ်မထင်ရှားတာနဲ့ ပျက်စီးနေတဲ့ မျက်လုံးတွေနဲ့အတူ မွေးဖွားလာခဲ့ပါတယ်။ ဘယ်ဘက်မျက်လုံးက မျက်အိမ်ထဲကနေပြူးထွက်နေခဲ့ပြီး ညာဘက်မျက်လုံးပိတ်နေခဲ့ပါတယ်။ မွေးပြီးပြီးချင်း နာရီပိုင်းမှာအသက်ဆုံးရှုံးမယ်လို့ ဆရာဝန်တွေက ယူဆခဲ့ကြပေမယ့် ခန့်မှန်းချက်တွေကျော်လွန်ကာ ၉ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကလေးငယ်ဟာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ နာဗ့်ကြောလုပ်ဆောင်မှုတွေ လှုံ့ဆော်ဖို့အတွက် ခွဲစိတ်မှု ၈ ကြိမ်လုပ်ဆောင်ခဲ့ရပါတယ်။ ကလေးငယ်ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် မိသားစုဟာ ဝေဖန်မှု၊ နှိမ့်ချမှု မျိုးစုံခံစားခဲ့ရပါတယ်။ ဒါပေမဲ့ မိဘတွေက စိတ်ပျက်ခြင်းမရှိဘဲ ကလေးငယ်ကို နေ့စဉ်နေ့တိုင်း အစွမ်းကုန် ဂရုစိုက်ပြုစုပေးနေခဲ့ပါတယ်။ ဒီလို ချစ်ခင်ကြင်နာဂရုစိုက်မှုတွေကြောင့် ဒီအသက်အရွယ်အထိ အသက်ရှင်သန်နေနိုင်တာလို့ ယုံကြည်ကြောင်း သူတို့က ပြောပြခဲ့ပါတယ်။ အနာဂတ်မှာ လူတွေအနေနဲ့ ရုပ်ရည်၊ အသားအရောင်၊ ဘာသာရေးစတာတွေကို မခွဲခြားဘဲ လူလူချင်း ပိုမိုမေတ္တာထားနိုင်လာဖို့ မျှော်လင့်ကြောင်းလည်း ဗစ်တိုးရီးယားရဲ့မိဘတွေက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top