Healthy Life Ad
Health Tips

သွားဖုံးရောင်ခြင်းအတွက် သဘာဝကုထုံး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတစ်ရံ သွားဖုံးရောင်ရမ်းတဲ့ ဝေဒနာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါ၊ ဗီတာမင်ချို့တဲ့တဲ့အခါ၊ ပိုးဝင်တဲ့အခါနဲ့ သွားဖုံး နာတဲ့အခါတွေမှာ သွားဖုံးရောင်ရမ်းတတ်ပါ တယ်။ သွားဖုံးရောင်တဲ့အခါ သွားကိုက်တတ်ပြီး နီမြန်း နေတတ်ပါတယ်။ သွားတိုက်တဲ့အခါမှာ သွားဖုံးကနေ သွေးထွက်တတ်ပါတယ်။ သွားဖုံး ရောင်တာသက်သာစေဖို့ သဘာဝကုထုံးတွေကို မျှဝေလိုက်ပါတယ်။

– သဘာဝဆေးဝါး- ဆားရေ
သွားဖုံးရောင်တဲ့အခါ ဆားရေက အသုံးဝင်ပါတယ်။ သွားတိုက်ပြီးနောက် သွားဖုံးကို ဆားအနည်းငယ်ပွတ်ပေးပြီး ကြက်သီးနွေးရေနဲ့ ပလုတ်ကျင်းပေးပါ။ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပြီး သွားဖုံးရောင်ရမ်း မှုလျော့ကျစေပါတယ်။

– သဘာဝဆေးဝါး- ချင်း (ဂျင်း)
ချင်းကလည်း သွားဖုံးရောင်ရမ်းမှုကို သက်သာစေပါတယ်။ ချင်းမှာ ရောင်ရမ်းမှုတားအစွမ်းနဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် သွားဖုံး ကျန်းမာရေးကောင်းမွန်စေပါတယ်။ ချင်းအနည်းငယ်ကို ညက်အောင်ထောင်းပြီး ဆားအနည်းငယ်ထည့်ကာ ရောင်နေတဲ့ သွားဖုံးပေါ် သိပ်ပေးပါ။ ၁၀-၁၂ မိနစ်လောက်ကြာမှ ရေနဲ့ပလုတ် ကျင်းပေးပါ။

– သဘာဝဆေးဝါး- နနွင်းမှုန့်
နနွင်းမှုန့်မှာ ရောင်ရမ်းမှုကို ဟန့်တားပေး တဲ့ အစွမ်းရှိတာကြောင့် သွားဖုံးရောင်ရမ်းတဲ့ ဝေဒနာကိုသက်သာစေပါတယ်။ နနွင်းမှုန့်ထမင်း စားဇွန်းလေးပုံ တစ်ပုံကို ရေနဲ့ရောမွှေပြီး ရောင်နေတဲ့ သွားဖုံးပေါ်သိပ်ပေးပါ။ ငါးမိနစ်ကြာထားပြီး တစ်မိနစ်ခန့်နှိပ်နယ်ပါ။ ပြီးရင် ကြက်သီးနွေး ရေနဲ့ပလုတ်ကျင်းပေးပါ။

– သဘာဝဆေးဝါး- သံပယိုရည်
ဘက်တီးရီးယားပိုးကြောင့် သွားဖုံးရောင်ရင် သံပယိုရည်ကို အသုံးပြုပါ။ သံပယိုရည်ရဲ့ အက်ဆစ်အစွမ်းက ဘက်တီးရီးယားပိုးတွေကို အလွယ်တကူသေစေနိုင်ပြီး ခံတွင်းထဲက စံအဆင့်ကို ဟန်ချက်ညီစေပါတယ်။ သံပယိုရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲ ထည့်မွှေပြီး ပလုတ်ကျင်းပေးပါ။

– သဘာဝဆေးဝါး-ရှားစောင်း လက်ပပ်အနှစ်သား
ရှားစောင်းလက်ပပ်အနှစ်သားမှာဘက်တီးရီးယားနဲ့ရောင်ရမ်းမှုကို ဟန့်တားတဲ့အစွမ်းရှိပြီး သွားဖုံးရောင်ရမ်းမှု သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားကိုယူပြီး သွားဖုံးတွေ ပေါ်သုတ်လိမ်းကာ ၁-၂မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ပလုတ်ကျင်းပေးရပါမယ်။

– သဘာဝဆေးဝါး- ကြက်ဆူဆီ
ကြက်ဆူဆီမှာ ရောင်ရမ်းမှုကို ဟန့်တားတဲ့ အစွမ်းရှိတာကြောင့် ရောင်ရမ်းနေတဲ့ သွားဖုံးသားတွေအတွက် ထိရောက်လှပါတယ်။ ကြက်ဆူဆီ တစ်စက်-နှစ်စက်ကို ရောင်နေတဲ့သွားဖုံးပေါ် ခဏတာသုတ်လိမ်းပြီး ကြက်သီးနွေးရေနဲ့ပလုတ် ကျင်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top