Healthy Life Ad
Health Tips

အသက်ကြီးလာချိန် သွားအစုံအလင်ရှိသူများနှင့် သွားအစုံအလင်မရှိသူများ

သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ဦး

အသက်ကြီးသူတွေကို သွားနဲ့ခံတွင်းပိုင်းဆိုင်ရာ လေ့လာရာမှာ အုပ်စုသုံးစုခွဲပြီး လေ့လာပါတယ်။ ပထမအုပ်စုက သွားအပြည့်ရှိတဲ့အုပ်စုဖြစ်ပြီး သွားကောင်း ၃၂ ချောင်းစလုံး ရှိနေတဲ့အုပ်စုပါ။ ဒုတိယအုပ်စုက သွားတွေရှိနေပေမယ့် သွားအရေအတွက် ၃၂ ချောင်းထက် လျော့သွားတဲ့အုပ်စုပါ။ ဒါကို Partial Missing လို့ ခေါ်ပါတယ်။ တတိယအုပ်စုကျတော့ သွားတစ်ချောင်းမှမရှိတဲ့အုပ်စု (Total Missing) ဖြစ်ပါတယ်။ ဆေးပညာအရ Edentulous လို့ခေါ်ပါတယ်။

ပထမအုပ်စုကို လေ့လာကြည့်ရင် သွားတွေ ၃၂ ချောင်းစလုံးရှိတယ်။ ဒါပေမဲ့ မေးရိုးအတွင်းထဲကနေ သွားတွေရှည်ထွက်နေတတ်ပါတယ်။ အပေါ်မေးရိုး (Maxilla)နဲ့ အောက်မေးရိုး (Mendibular) တွေက အသက်ကြီးလို့ ကျုံ့သွားတယ်။ အဲဒီလိုကျုံ့သွားတာက သွားမြစ်ဝှမ်းမေးရိုး (Alveolar Bone Resortion) ကျုံ့သွားလို့ ဖြစ်ရတာပါ။ နောက်ဖြစ်တတ်တာက အသက်ကြီးလာတဲ့အခါမှာ သွားတွေရဲ့ ဝါးစားတဲ့မျက်နှာပြင် ပွန်းသွားပါတယ်။ ဒါကို Attrition Surface လို့ ခေါ်ပါတယ်။ ပြီးတော့ သွားဖုံးတွေက မေးရိုးဘက်ကို ကျလာပါတယ်။ ဒီအခြေအနေကို Gum Recessian လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ သွားတွေလှုပ်တာ၊ သွားတွေယိုင်တာနဲ့ အပူအအေးစာတွေကို မစားနိုင်တော့ဘဲ သွားကျဉ်တာတွေကို ခံစားရတတ်ပါတယ်။ သွားတွေကျဉ်တာ (Hypersensitivity) ဖြစ်လာတဲ့အခါ အစာတော်တော်များများကို မစားနိုင်တော့ဘဲ အစာတွေရွေးလာပါတယ်။

ဒုတိယအုပ်စုမှာ ပါဝင်နေတဲ့ သက်ကြီးရွယ်အိုတွေက သွား ၃၂ ချောင်း အပြည့်မရှိတော့ပါဘူး။ သွားတချို့က သွားပိုးစားတာကြောင့် နုတ်ပစ်ရသလို တချို့သွားတွေက ရေစီးကမ်းပြိုရောဂါကြောင့် နုတ်ရတာ၊ အလိုလိုကျွတ်ထွက်သွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွားတွေရဲ့ ကြိတ်ဝါးအားနည်းသွားတာကြောင့် အစာအားလုံးကို မစားနိုင်တော့ပါဘူး။

တတိယအုပ်စုက သွားတစ်ချောင်းမှမရှိတော့တဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။ ဒီသက်ကြီးရွယ်အိုတွေက သွားတွေကျိုးသွားပေမယ့် သွားအငုပ်တွေ ရှိနေသေးရင်တော့ အငုပ်တွေမှာ ရောဂါရှိနေသလား၊ မရှိဘူးလားဆိုတာကို ကြည့်ရပါတယ်။ အသက်ကြီးသလား၊ ငယ်သလား ကြည့်ရတယ်။ သွားအငုပ်မှာ ရောဂါလည်းမရှိဘူး။ တချို့သူတွေက အဲဒီသွားအငုပ်လေးနဲ့ အစာစားနေတယ်ဆိုရင် ဆရာတို့က မနုတ်ပါဘူး။ သွားစိုက်ရင်တောင်မှ သွားအငုပ်တွေကို မနုတ်ဘဲ အပေါ်ကနေ အံကပ်စိုက်ပေးတာမျိုး ရှိပါတယ်။ ဒါကို Overdenture လို့ ခေါ်ပါတယ်။ ဒီလိုသွားငုပ်မနုတ်ဘဲ အံကပ်စိုက်ပေးတာရဲ့ ကောင်းတဲ့အချက်က သွားမနုတ်ရတော့ လူကြီးမှာ အင်အားယုတ်လျော့တာနည်းတယ်။ အငုပ်လေးတွေကို မေးရိုးထဲမှာ ထိန်းထားတဲ့အတွက် အသက်ကြီးလာလို့ မေးရိုးကျုံ့သွားတာ

“သွားငုပ်မနုတ်ဘဲ အံကပ်စိုက်ပေးတာရဲ့ ကောင်းတဲ့အချက်က သွားမနုတ်ရတော့ လူကြီးမှာ အင်အားယုတ်လျော့တာနည်းတယ်။ အငုပ်လေးတွေကို မေးရိုးထဲမှာ ထိန်းထားတဲ့အတွက် အသက်ကြီးလာလို့ မေးရိုးကျုံ့သွားတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွားအံကပ်အရှင် စိုက်တဲ့အချိန်မှာ မေးရိုးရဲ့အနေအထားကို ထိန်းပေးထားနိုင်ပါတယ်။”

မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွားအံကပ် အရှင်စိုက်တဲ့အချိန်မှာ မေးရိုးရဲ့အနေအထားကို ထိန်းပေးထားနိုင်ပါတယ်။

အထက်က အုပ်စုသုံးအုပ်စုလုံးမှာပါတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့-

• ခံတွင်းသန့်ရှင်းအောင် ရေနဲ့ပလုတ်ကျင်းပေးသင့်ပါတယ်။

• ခံတွင်းသန့်ဆေးအနေနဲ့ သင့်တော်ရာဆေးကို ရွေးချယ်ပြီး ပလုတ်ကျင်းပေးသင့်ပါတယ်။

• သွားကျဲတာကြောင့် အစာစားပြီးလို့ သွားကြားညပ်ရင် သွားကြားပွတ်ကြိုး ဒါမှမဟုတ် သွားကြားထိုးတံကို သုံးပေးသင့်ပါတယ်။

• ခံတွင်းထဲမှာ သွားတွေကျန်နေရင် သွားတိုက်ပေးပါ။ မာတဲ့အစာကိုရှောင်ပါ။ ပျော့တဲ့အစာကို ရွေးစားပေးဖို့ လိုပါတယ်။

• အရည်ရွှမ်းတဲ့ သစ်သီးတွေကို စားပေးသင့်ပါတယ်။ အမြွှာလိုက်ကိုက်မစားနိုင်ရင် သေးသေးလေးတွေစိတ်ပြီး စားသင့်ပါတယ်။

• တကယ်လို့ သွားနဲ့ခံတွင်းဆိုင်ရာ ဝေဒနာတွေဖြစ်ခဲ့ရင် သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top