Healthy Life Ad
Life Style

အားကောင်းလွန်းတဲ့ ဆေးတွေ (Body building Steroids)

– ဒေါက်တာတင့်ဆွေ

ကိုယ်ကာယကြီးထွားစေတဲ့စတီရွိုက်ဆေး (Body building Steroids)ကို အတော်ကြီး သတိထား သုံးရတယ်။ ဆေးသုံးပြီး ၇ ပတ်နေရင် သိသာမယ်လို့ ဆေးရောင်းတဲ့ ဝက်ဘ်ဆိုက်ကနေ ဆိုပါတယ်။ တ ကယ်တိုးတက်မှုရှိမယ်ဆိုရင် ကိုယ်ခန္ဓာဟာ လေထိုး၊ ရေထိုးထားသလိုမျိုးဆင်တူပါမယ် . . .

ဒီစာရေးထားတာကြာပြီ။ စာမဖတ်သူတွေက မေးကြတာမနည်းလှပါ။ ယောကျာ်းတွေ၊ မိန်းမဖြစ် ပြီး ယောကျာ်းလို ဖြစ်ချင်သူတွေ၊ တွမ်ဘွိုင်းတွေ။

ကြွက်သားကို ပရိုတင်းနဲ့ တည်ဆောက်ထား တယ်။ ကြွက်သားကြီးမားစေချင်ရင် ပရိုတင်းမနည်း ရတာမှန်တယ်။ အစားအသောက်ကနေရတာထက်တော့ ကောင်းတာမရှိပါ။ အဲလိုအားဆေးတွေမှာ ပရို တင်းသန့်သန့်၊ ဗီတာမင်သန့်သန့်၊ ဓာတ်ဆားသန့်သန့်ဆိုရင် စိုးရိမ်စရာမရှိပါ။ စတီးရွိုက်ခေါ်ဟော် မုန်းပါရင်တော့ ကြီးထွားသန်မာတာ သိသိသာသာ ဖြစ်လာမယ်။ အဲဒီဘေးထွက်သက်ရောက်မှုတွေ လည်းဖြစ်ပါမယ်။

ကိုယ်ကာယကြီးထွားစေတဲ့ စတီးရွိုက်ဆေး (Body building Steroids)ကို အတော်ကြီးသတိထား သုံးရတယ်။ ဆေးသုံးပြီး ၇ပတ်နေရင် သိသာမယ်လို့ ဆေးရောင်းတဲ့ ဝက်ဘ်ဆိုက်ကနေ ဆိုပါတယ်။ တ ကယ်တိုးတက်မှုရှိမယ်ဆိုရင် ကိုယ်ခန္ဓာဟာလေထိုး၊ ရေထိုးထားသလိုမျိုး ဆင်တူပါမယ်။ သက်ရှိကိုယ် ခန္ဓာဆိုတာ သူ့စည်းကမ်းနဲ့သူရှိတယ်။ စည်းကို ကျော်ဖို့ကြိုးစားမှုလို့ပြောရင် သုံးစွဲချင်သူတွေကိုစိတ် ပျက်အောင်ပြောသလို့ ထင်နိုင်တယ်။ ဒီဆေးမျိုးက အရောင်းရကောင်းလို့ ဆေးအတုတွေလည်း ပေါတဲ့ အချက်ကိုလည်း သတိထားရမယ်။ ရေတိုသုံးသူတွေ မှာ အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည်ကြီး ထွားလာမယ်၊ ပန်းပုထုထားတဲ့ အရုပ်လို ဖြစ်လာမယ်။ ရေရှည်သုံးမိရင် နောက်ဆက်တွဲဖြစ်လာတာတွေ ဆိုးဝါးတယ်။ ရေထိုး၊ လေထိုးထားတာက ပိုပိုကား ကြီးလာမယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းထိခိုက်မှုတွေရှိလာမယ်။ ရေရှည်သုံးသူတွေမှာ ကျောက်ကပ်နဲ့ အသည်းကိုထိခိုက်မယ်။

ရေတိုပေမယ့် ဆေးအဆများသွားရင် ထိရောက် မှုနည်းတာသာမကဘဲ ဘေးထွက်-ဆိုးကျိုးပါရှိလာမယ်။ ကိုယ်ခန္ဓာကနေ လိုတာကိုသုံးပြီး ကျန်တာပိုတာကို အီစထရိုဂျင်ခေါ်တဲ့ အမျိုးသမီးဟော်မုန်း အဖြစ်ပြောင်းပြစ်လိမ့်မယ်။ ဆေးသုံးနေသူတွေသွေး စစ်၊ ဆေးစစ်နေရမယ်။ သွေးထဲမှာ ဟော်မုန်းဘယ် လောက်များနေလဲ သိဖို့လိုမယ်။ ဘယ်အစိတ်အပိုင်းတွေက ပုံမှန်အလုပ်လုပ်မလုပ်ကိုလည်း ဆေးစစ်နေ ရမယ်။ စတီးရွိုက်ဆေးသုံးနေသူတွေဟာ တနေ့မှာ ကယ်လိုရီ ၅၀ဝ၀ ကနေ ၇၀ဝ၀ အထိ ရနိုင်အောင် အစာစားဖို့ လိုမယ်။ ပုံမှန်ယောကျာ်းတယောက်ဟာ တနေ့မှာ ကယ်လိုရီ ၂၈၀ဝ သာလိုမယ်။ စားဖို့သင့်မှာ က ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းရမယ်။ အဆီနည်း ရမယ်။ အဆီကနေသာ ကယ်လိုရီများများရစေတယ်။ အဲဒီအာဟာရ ၃ မျိုးမှာ ၁ း ၁ း ၄ ကယ်လိုရီ ရစေ တယ်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်နေသူတွေ စတီးရွိက်သုံးရင် ပြင်းပြင်းထန်ထန်လုပ်ဖို့လိုမယ်။

သုံးကြတာက တက်စတိုစတီးရုန်းဟော်မုန်းဖြစ်တယ်။ ကိုယ်ကနေလည်း အလိုလိုထွက်နေတာပါ။ အပိုဆောင်းသုံးလို့အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည်ပိုကြီးထွားမယ်။ ပိုပြီး ခံနိုင်ရည်ရှိလာမယ်။ အဲလိုလည်း ပုံမှန်ဖြစ်နေတာပေမယ့် ဆေးကြောင့် ပိုမြန်မယ်။
စတီးရွိုက်ဆေးကို အသားထိုးဆေး၊ အရေပြားအောက်ထိုးဆေး၊ အရေပြားအောက်ထည့်ထားရတဲ့ဆေး၊ ကပ်ခွာ၊ ဂျယ်လီနဲ့ စားဆေးအဖြစ် အမျိုးမျိုး လာတယ်။ စတီးရွိုက်(၂)မျိုးရှိတယ်။

(၁) Anabolic Sterods (Anabolic androgenic steroids) = Testosterone ဆိုတာက ပရိုတင်းတည်ဆောက်ရေးကို အားပေးတယ်။

(၂) Catabolic Steroids (Corticostero­ids) ဆိုတာက ရောင်ရမ်းတာတွေကု သက်သာစေ၊ ကျစေတယ်။ ပြောင်းပြန်သဘောမျိုး ဖြစ်တယ်။

နောက်ပြီး ဥပဒေနဲ့အကျုံးဝင်တဲ့ စတီးရွိုက်ကို ရင်သားကင်ဆာ၊ သွေးနီဥနည်းခြင်း၊ ကျားအစိအလုပ်မလုပ်ခြင်း၊ လူပျိုဖြစ် နောက်ကျခြင်းရောဂါတွေ အတွက်သုံးတယ်။ ဥပဒေနဲ့အကျုံးမဝင်တဲ့ စတီးရွိုက်ထဲမှာ nandrolone (Durabolin), stano-zolol (Winstrol), luxoymesterone (Halo-testin), testosterone, methandrostenolone စတာတွေပါတယ်။
အားကစားသမားတွေသုံးတဲ့ စတီးရွိုက်များ (၁) Fluoxymesterone (Stenox and Halot­estin) 2.5-40 mg/day ကို တနေ့တာအတွက် ခွဲသောက် ရတယ်။ (၂) Methandrostenolone (Anabol, Dianabol, and Reforvit) (၃) Oxymetholone (Anadrol, Oxymetholone)စနစ်တကျသုံးချင်တာဟာ ကောင်းတဲ့ ကျန်းမာ ရေးအသိဖြစ်ပါတယ်။ ကျွန်တော်ကတော့ အားမပေးပါ။ ဒိထက် အသေးစိတ်လည်း မရေးလိုပါ။ ဘာမဆို သဘာဝကိုသာ အားပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top