Healthy Life Ad
Health Tips

ဆယ်ကျော်သက်အရွယ် စတီးရွိုက်သုံးစွဲမှုအန္တရာယ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဆယ်ကျော်သက်အများစုဟာ လူလုပ်ဟော်မုန်းလို့ တင်စားကြတဲ့ စတီးရွိုက်တွေကို ရှောင်ရှားသင့်ပါတယ်။ စတီးရွိုက်ဆေးတွေဟာ ကြွက်သားဖြစ်စဉ်ယိုယွင်းမှုကို ဟန့်တားပေးတာကြောင့် လူငယ်တွေ၊ အထူးသဖြင့် အားကစားသမားတွေ သုံးချင်ကြပါတယ်။ စတီးရွိုက်ဆေးရဲ ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးကို မသိလို့ သုံးလေ့ရှိကြတာပါ။

ကလိဗ်လန်းအားကစား ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ ့ လေ့လာမှုအရ ရှစ်တန်းကျောင်းသား ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၀ တန်းကျောင်းသား ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၂ တန်းကျောင်းသား ၁ ဒသမ ၈ ရာခိုင်နှုန်းတို့ဟာ စတီးရွိုက်တချို ့ အမျိုးအစားတွေကို စမ်းသပ်သုံးစွဲပြီးဖြစ်ကြောင်း သိရပါတယ်။

စတီးရွိုက်ဆေးသုံးတဲ့သူက ဆယ်ကျော်သက်ဖြစ်တယ်ဆိုရင် အောက်ပါအချက်သုံးရပ်ကို အကြံပြုထားပါတယ်။

• ရှင်းပြပါ – စတီးရွိုက်ဆေးသုံးစွဲတာကြောင့် ယာယီသက်လုံကောင်းမွန်မှု ရှိနိုင်ပေမယ့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆယ်ကျော်သက်လူငယ်တွေသိအောင် ရှင်းပြရပါမယ်။

• မသုံးရန်တိုက်တွန်းပါ – စတီးရွိုက်ဆေး သုံးစွဲဖူးသူတွေ ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာတွေအကြောင်း သေချာရှင်းပြပြီး မသုံးဖို့ တိုက်တွန်းပါ။

• စိတ်ရှည်ပါ – ဆူပူငေါက်ငမ်းမှု မပြုဘဲ စိတ်ရှည်ရှည်ထားပြီး စတီးရွိုက်ဆေးရဲ ့ ဆိုးကျိုးကို နားဝင်အောင်ပြောပါ။

စတီးရွိုက်သုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ

• ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းထွက်ရှိမှုကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးဆဲ လူငယ်အားကစားသမားတွေမှာ ထိခိုက်နိုင်ခြေများပါတယ်။

• သွေးတိုးတာ၊ ရေဆွဲအားများတာ၊ ကိုယ်အလေးချိန်တက်တာနဲ့ ဝက်ခြံပေါက်တာတို့ ဖြစ်တတ်ပါတယ်။ စတီရွိုက်သုံးစွဲမှုကို ရပ်လိုက်မှသာ ဒီပြဿနာတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

• ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်သွားပါတယ်။ စတီးရွိုက်ဆေးကို အဆက်မပြတ်သုံးစွဲမှုကြောင့် လူငယ်လူရွယ်တွေမှာ ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်ကာ တခြားပြင်းထန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

• ကိုယ်ခံစွမ်းအား လျော့ကျသွားပါတယ်။ စတီးရွိုက်ဆေးသုံးစွဲသူတွေဟာ မကြာခဏ ဖျားနာတတ်ပါတယ်။

• မျက်နှာက ပြည့်ဖောင်းလွန်းလာပါတယ်။ ဒူးဆစ်တွေ နာတတ်ပါတယ်။

• နောက်ဆက်တွဲ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ စတီးရွိုက်ဆေးသုံးစွဲသူတွေဟာ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ အရွယ်မတိုင်မီ သေဆုံးမှုတို့ ဖြစ်နိုင်ခြေများပါတယ်။

• တက်ကြွမှုလွန်ကဲတဲ့ အပြုအမူတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်တတ်ပါတယ်။ ဒီစိတ်ခံစားမှု အခြေအနေတွေကြောင့် အကြမ်းဖက်တာမျိုး ဖြစ်တတ်ပါတယ်။

• ဆေးစွဲပြီး စိတ်ဓာတ်ကျဝေဒနာ ရတတ်ပါတယ်။ စတီးရွိုက်ဆေးကို ရေရှည်သုံးစွဲပြီး မသုံးရမနေနိုင် စွဲလမ်းလာကာ စိတ်ကျဝေဒနာ ရတတ်ပါတယ်။

• လူငယ်အမျိုးသားတွေမှာ သုက်ကောင်အရေအတွက် လျော့ကျတာ၊ ရင်သားဖွံ့ဖြိုးမှု အားနည်းတာ၊ ဝှေးစေ့ကျုံ့တာ၊ ထိပ်ပြောင်တာနဲ့ ဆီးကျိတ်ကင်ဆာ အန္တရာယ်များတာတို့ ဖြစ်နိုင်ပါတယ်။

• မိန်းကလေးတွေမှာ ရာသီလာစဉ် ဝေဒနာရတာ၊ ရင်သားတစ်သျှူးဆုံးရှုံးတာ၊ မျက်နှာအမွှေးအမှင် ထူထဲတာ၊ အသံအောတာတို့ ဖြစ်တတ်ပါတယ်။

• သင့်မိသားစုထဲက ဆယ်ကျော်သက်လူငယ် လူရွယ်တွေဟာ စတီးရွိုက်သုံးစွဲနေတယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သေချာရှင်းပြပေးဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top