Healthy Life Ad
Health Tips

ရင်ကျပ်ပြီး ချောင်းဆိုးခြင်းအတွက် သဘာဝဆေး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အအေးမိဝေဒနာခံစားရတာ၊ တုပ်ကွေးဖြစ်တာ၊ နှာခေါင်းမြှေးရောင်ရမ်းတာ၊ ချောင်းဆိုးတာ၊ လေပြွန်ရောင်တာစတာတွေက ရင်ဘတ်ထဲ တင်း ကျပ်ရာကဖြစ်တတ်ပါတယ်။ ဒီလိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ အမြန်ဆုံးသက်သာစေဖို့ ထိရောက်တဲ့ အိမ်တွင်းကုထုံးတွေရှိပါတယ်။

(၁) ရေနွေးငွေ့လှုံပါ
ရေနွေးငွေ့လှုံပြီး ရှူသွင်းတာကြောင့် အချွဲပျော်စေပြီးအသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပွင့်စေပါတယ်။

(၂) ချင်းလက်ဖက်ရည်ကြမ်း သောက်ပါ
ရင်ကျပ်တဲ့ ဝေဒနာခံစားရချိန်မှာ ချင်းလက် ဖက်ရည်ကြမ်းပူပူကိုသောက်ပေးပါ။ ဒါက ရောင် ရမ်းမှုဟန့်တားပေးတဲ့ အစွမ်းပါဝင်ပါတယ်။ ချင်း (ဂျင်း)အနည်းငယ်ကို ထောင်းပြီး ရေနွေးပူပူတစ် ခွက်ထဲထည့်ကာ စိမ်ထားပါ။ ပျားရည်နည်းနည်း ဒါမှမဟုတ် သံပရာရည်နည်းနည်း ထည့်သောက် နိုင်ပါတယ်။

(၃) ပန်းသီးရှလကာရည်သောက်ပါ
ပန်းသီးရှလကာရည်မှာ ရောင်ရမ်းမှုနဲ့ ပိုးဝင်မှုကို ဟန့်တားပေးနိုင်စွမ်းရှိတာကြောင့်ရင် ကျပ်ဝေဒနာ သက်သာစေပါတယ်။ ပန်းသီးရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်း ဒါမှမဟုတ် နှစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲထည့်ပြီး သမအောင် မွှေကာသောက်ပါ။

(၄) နနွင်းမှုန့်
နွားနို့ပူပူတစ်ဖန်ခွက်ထဲ နနွင်းမှုန့်အနည်း ငယ်ထည့်သောက်ရင် လည်ချောင်းယားတာသက်သာပြီး ညဘက် နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။

(၅) ဆားရေ
ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးပါ။ ဆားက အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ဝင်ရောက်တတ်တဲ့ ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ တစ်နေ့မှာ အကြိမ်များများ ပြုလုပ်ပေးပါ။

(၅) သံပရာရည်
သံပရာရည်မှာ ဗီတာမင်စီပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို သန်စွမ်းကျန်းမာစေပါတယ်။ အကျိုးဆက်အနေနဲ့ သင့်ခန္ဓာကိုယ်က အသက် ရှူလမ်းကြောင်းစနစ် ပိုးဝင်မှုကို ထိထိရောက် ရောက် တွန်းလှန်ပေးနိုင်စွမ်းရှိသွားပါတယ်။ သကြား မထည့်ရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top