Healthy Life Ad
Women

ပဋိသန္ဓေတားနည်းများ (၃) (Different Methods of Contraception)

ဒေါက်တာတင့်ဆွေ

(၁၁) Intrauterine Contraceptive Device (IUCD or IUD) သားအိမ်ထဲထည့်ပစ္စည်း

သားအိမ်ထဲမှာ Plastic (ပလပ်စတစ်) ဒါမှမဟုတ် Copper (ကောပါး)ကြေးနီနဲ့လုပ်ထားတဲ့ ပစ္စည်းငယ်လေးတခု ထည့်ထားပေးခြင်းဖြစ်တယ်။ ကျားသုက်ပိုးဟာ မ-မျိုးဥနဲ့ ထိတွေ့မှုမဖြစ်အောင်လုပ်ပေးတယ်။ ၉၉ ရာခိုင်နှုန်း ထိရောက်တယ်။ တာရှည် (၃-၅-၁၀ နှစ်)ကာကွယ်နည်းလည်းဖြစ်တယ်။ ကြေးနီဓါတ်ပါတဲ့ (IUD) အသစ်တွေက ပိုပြီးထိရောက်တယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေက ထည့်ပေးရတယ်။

သားအိမ်ထဲကို ပစ္စည်းထည့်လိုက်ပြီး အောက်ခြေကြိုးစလေးနှစ်ခုကို တိုအောင်ဖြတ်ပေးမယ်။ IUD ရှိနေဆဲဖြစ်တာကို စစ်ဆေးကြည့်နိုင်တယ်။ ထည့်ပြီးတာနဲ့ အကျိုးသက်ရောက်တယ်။ ဟော်မုန်းမပါလို့ ဟောမုန်းဘေးထွက်ဆိုးကျိုးမရှိပါ။ ၃ နှစ်ခံ၊ ၅ နှစ်ခံ၊ ၁၀ နှစ်ခံရှိတယ်။ ParaGard (Copper T), Mirena (LNG-IUS), Multiload CU375 နာမည်အမျိုးမျိုးရှိတယ်။ ရာသီများတတ်တယ်။ စစ်ဆေးနေသင့်တယ်။ ထွက်ကျတာ၊ နေရာပြောင်းတာလည်း တခါတရံဖြစ်တတ်တယ်။

(၁၂) Spermicides သုက်ပိုးသတ်ဆေး

Nonoxynol-9 ပါတဲ့ဆေးဖြစ်တယ်။ Tablets, Jelly (Gel), Films, Foams အမျိုးမျိုးရှိတယ်။ ၇၁-၈၂ရာခိုင်နှုန်း ထိရောက်တယ်။ နာရီဝက် ကြိုတင်ထည့်ထားရမယ်။ ပျော်ဝင်မသွားတဲ့ အမျိုးအစားဖြစ်ရင် ဆက်ဆံအပြီး ၈ နာရီကြာမှ ထုတ်ရမယ်။ Vaginal Contraceptive Film (VCF) က ၁၅ မိနစ်ဆိုရင်ရတယ်။

Suppositories တွေက ၂၀ မိနစ်စောင့်ရမယ်။ Sponges တွေက ၈၀-၉၁ ရာခိုင်နှုန်းထိရောက်တယ်။ ၁၂ နာရီ ကြိုတင်ထည့်ထားနိုင်ပြီး ဆက်ဆံပြီးနောက် ၆-၈ နာရီကြာမှ ဖြုတ်ရမယ်။ တမျိုးတည်းသုံးတာထက် သားအိမ်အဝအဖုံးတွေ၊ သုက်ရည်ပြင်ပစွန့်ထုတ်နည်းတို့နဲ့တွဲသုံးရင် ပိုထိရောက်တယ်။ အက်စစ်ဓာတ်ပါလို့ နှစ်ယောက်စလုံးပူစပ်မယ်။

(၁၃) Vaginal rings သန္ဓေတား သားရေကွင်း

V-Rings လို့လည်း အတိုခေါ်တယ်။ အမျိုးသမီးမွေးလမ်းကြောင်း (ဗဂျိုင်းနား)ထဲမှာ ထည့်ပေးထားရတယ်။ ဆေးပါနေတဲ့ Polymeric devices (ပေါ်လီမက်ထရစ်) ပစ္စည်းဖြစ်တယ်။ အချင်း ၂ လက်မရှိတယ်။

ကိုယ်ဝန်အတွက် မဟုတ်တာတွေလည်း သုံးတာရှိသေးတယ်။ သားရေကွင်းလိုပစ္စည်းကရော (ဗဂျိုင်းနား)အတွင်း နံရံကပါ ဆန့်နိုင်ကြုံ့နိုင်စွမ်းရှိလို့ ထွက်မကျစေအာင် ထိန်းထားနိုင်တယ်။ ရေချိုးတာ၊ လေ့ကျင့်ခန်းလုပ်တာ ကိစ္စမရှိပါ။ ရှိနေတာသေချာချင်ရင် လက်ကိုဆေးကြောပြီး ကိုယ့်ဘာသာစမ်းကြည့်နိုင်တယ်။

– NuvaRing ဆိုတာက Contraceptive vaginal ring ကိုယ်ဝန်တားပစ္စည်းဖြစ်တယ်။ Polyethy­lenecovinyl acetate နဲ့လုပ်ထားပြီး၊ Etonoge­strel (Progesterone) နဲ့ Ethinyl estradiol (Estrogen) ဟော်မုန်းတွေ ထုတ်ပေးနေတယ်။

– Femring ဆိုတာက သွေးဆုံးချိန်မှာ မျက်နှာတွေနီမြန်းတာ၊ မွေးလမ်းကြောင်း ကြုံလှီတာတွေသက်သာဖို့ Estradiol-acetate ဟော်မုန်းနည်းနည်းလေး ထုတ်ပေးနေမယ့် Silicone elastomer ကနေလုပ်တာဖြစ်တယ်။ လင်မယားအတူမနေခင် ခဏထုတ်ထားနိုင်တယ်။

(၁၄) Intrauterine system (IUS) သားအိမ်ထဲထည့် တာရှည်ခံဆေး

T ပုံရှိတဲ့ ပလပ်စတစ်နဲ့လုပ်ထားတဲ့ Progestogen ဟော်မုန်းကို တဖြေးဖြေးထုတ်ပေးနေတဲ့ဆေးဖြစ်တယ်။ ၅ နှစ် အထိခံတယ်။ Mirena လို့ ခေါ်တယ်။ ၉၉ ရာခိုင်နှုန်းထိရောက်တယ်။ ရာသီစဆင်းတဲ့နေ့က နောက် ၅ ရက်အကြာ ထည့်ရတယ်။ မွေးလမ်းမှာ ကူးစက်ပိုးမရှိမှထည့်ရမယ်။ IUD တွေလို မွေးလမ်းကြောင်းထဲမှာ ကြိုးစလေးနှစ်ခု ရှိနေမယ်။

ရာသီဆင်းရက် ပြောင်းသွားနိုင်တယ်။ ဝက်ခြံထွက်၊ ရင်သားနာတတ်တယ်။ ထွက်ကျတာ၊ နေရာပြောင်းတာ ဖြစ်တတ်တယ်။ ကိုယ်ဝန်ရှိနေရင် မသုံးရ။ သားအိမ်၊ မျိုးဥအိမ်ကင်ဆာရှိနေရင်၊ ရင်သားကင်ဆာရှိရင်၊ သွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါရှိရင်၊ မိုင်ဂရင်းရောဂါရှိရင် မသုံးသင့်။

(၁၅) Natural family planning သဘာဝနည်းများ

(က) Calendar method ပြက္ခဒိန်နည်း၊ Standard Days method ရက်ရှောင်နည်း

လလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့နေ့ဖြစ်တယ်။ မ-မျိုးဥနဲ့ ကျား-သုက်ပိုးတွေ့မှသာ ကိုယ်ဝန်ရနိုင်တယ်။ ဒါကြောင့် လလယ်ရက်မတိုင်ခင် ၅ ရက်နဲ့ နောက်ထပ် ၅ ရက်မှာ အတူမနေသင့်ပါ။

(ခ) Withdrawal method (Pullout method) သုက်ရည်ပြင်ပစွန့်ထုတ်နည်း

ယောကျာ်းက ဆန္ဒပြည့်ဝခါနီးမှာ လိင်အင်္ဂါကို အမျိုးသမီးရဲ့ မိန်းမကိုယ်ကနေထုတ်ပြီးမှ သုက်ရည်ကို ပြင်ပမှာထွက်အောင် လုပ်ရတယ်။ စိတ်ကိုထိန်းထားတုံး သုက်ကောင်တွေ Sperm အနည်းငယ်ထွက်တာ ဖြစ်တတ်တယ်။ တချို့က ဆန္ဒမပြည့်ဝတာဖြစ်တတ်တယ်။ ကျားသုက်ပိုးသတ်ဆေး (Spermicide) နဲ့ တွဲသုံးရင် ပိုမိုထိရောက်တယ်။

(ဂ) Breastfeeding ကလေးနို့တိုက်ခြင်းနည်း

ကလေးဖွားပြီး ၆ ပတ်နေရင် နောက်ကိုယ်ဝန် ပြန်ရနိုင်တယ်။ ကလေးနို့တိုက်နေရင် ၃ လကနေ ၆ လအထိ သဘာဝနည်းနဲ့ သားဆက်ခြားနိုင်တယ်။ နို့တိုက်မိခင်ကိုလည်း ဟော်မုန်းလည်ပတ်မှု မှန်စေတယ်။ ရင်သားကင်ဆာဖြစ်မှာကိုလည်း ကာကွယ်တယ်။ ကလေးကို ကိုယ့်နို့တမျိုးတည်းသာ တိုက်ရမယ်။ အလုပ်သွားချိန်မှာ နို့ဘူးနဲ့ထားတာဆို စိတ်မချရဘူး။ ၁-၂ရာခိုင်နှုန်းသာ ကိုယ်ဝန်ရစေတယ်။ ၃ လနောက်ပိုင်း ကာကွယ်မှုလျော့လာတယ်။ တိတိကျကျဆိုရင် ၆ ပတ်အထိက သေချာတယ်။

(၁၆) Male and female sterilization ကျား-မ သားကြောဖြတ်ခြင်း

ရာသက်ပန် ကလေးမနိုင်တော့တဲ့နည်းဖြစ်တယ်။ ယောကျာ်းတွေကို ထုံဆေးသုံးပြီး ကျားသုက်ပိုးတွေ ထွက်လာတဲ့လမ်းကြောင်း တနေရာရာကို ဖြတ်ပစ်လိုက်တာဖြစ်တယ်။ ဘယ်နဲ့ညာ နှစ်ဘက်လုံးကိုဖြတ်ရတယ်။ ဒါးရာတချက်ထဲနဲ့လဲဖြစ်တယ်။ ၂၀ဝ မှာ ၁ယောက်မှာ မအောင်မမြင်ဖြစ်တတ်တယ်။ ဖြတ်လိုက်တဲ့အကြောကို မှန်ဘီလူးနဲ့ ဟုတ်-မဟုတ် စစ်မှသေချာတယ်။ လက်နဲ့စမ်းရတာမှာ ဘေးက သွေးကြော၊ အဆီ၊ အာရုံကြောတွေနဲ့ ခွဲရမလွယ်ဘူး။ ထုံဆေးနဲ့ဆို ပိုမှားနိုင်တယ်။ အတွေ့အကြုံရှိတဲ့ ဆရာဝန်ကိုသာ အားကိုးသင့်တယ်။

အမျိုးသမီးတွေကို သားကြောဖြတ်ရင် မေ့ဆေး၊ ခါးထုံဆေး တစ်မျိုးမျိုးပေးပြီး၊ သားအိမ်ရဲ့ တဖက်တချက်ရှိတဲ့ သားအိမ်ပြွန်နှစ်ခုလုံးကို ဖြတ်ပစ်ရတယ်။ ၂၀ဝ မှာ ၁ယောက် မအောင်မမြင် ဖြစ်တတ်တယ်။ ခွဲစိတ်ပြီး ၁လအထိ တခြားတားနည်း တစ်ခုခုသုံးသင့်တယ်။ ယောကျာ်းကိုဖြတ်ရင် သုက်ရည်ထဲမှာ သုက်ပိုး ပါ-မပါ စစ်ဆေးရမယ်။ သုတေသန စစ်တမ်းအရ အသက် ၃၀အောက် အမျိုးသမီးတွေက ယောကျာ်းတွေထက် ဒီနည်းသုံးပြီးနောက် နောင်တရကြတယ်။

အမျိုးသမီးတွေကို သားကြောဖြတ်ရင် မေ့ဆေး၊ ခါးထုံဆေး တမျိုးမျိုးပေးပြီး၊ သားအိမ်ရဲ့ တဖက်တချက်ရှိတဲ့ သားအိမ်ပြွန် နှစ်ခုလုံးကို ဖြတ်ပစ်ရတယ်။ ၂၀ဝ မှာ ၁ယောက် မအောင်မမြင် ဖြစ်တတ်တယ်။ ခွဲစိတ်ပြီး ၁ လအထိ တခြားတားနည်း တစ်ခုခုသုံးသင့်တယ်။ ယောကျာ်းကိုဖြတ်ရင် သုက်ရည်ထဲမှာ သုက်ပိုး ပါ-မပါ စစ်ဆေးရမယ်။ သုတေသန စစ်တမ်းအရ အသက် ၃၀ အောက် အမျိုးသမီးတွေက ယောကျာ်းတွေထက် ဒီနည်းသုံးပြီးနောက် နောင်တရကြတယ်။

(၁၇) တားဆေး-တားနည်းများ ဆန်းစစ်ချက်များ

ထိရောက်မှုအများဆုံး တားဆေး-တားနည်းများ

– Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့်ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ = ၉၉ ရာခိုင်နှုန်း

– Birth Control shot ထိုးဆေး= ၉၇ ရာခိုင်နှုန်း

– Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း = ၉၂-၉၅ ရာခိုင်နှုန်း

– Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ် = ၈၄-၈၉ ရာခိုင်နှုန်း

– Abstinence ဝေရာမဏိ = ၁၀ဝ ရာခိုင်နှုန်း

ထိရောက်မှုအနည်းဆုံး တားဆေး-တားနည်းများ

– No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = ၈၅ ရာခိုင်နှုန်း

– Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = ၂၉ ရာခိုင်နှုန်း

– Fertility Awareness နေ့ကောင်းရက်သာရွေးနည်း = ၂၅ ရာခိုင်နှုန်း

– Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = ၂၁ ရာခိုင်နှုန်း

– Withdrawal သုက်ရည်အပြင်စွန့်ထုတ်နည်း = ၁၈ ရာခိုင်နှုန်း

WHO Family Planning Handbook for Providers, ၂၀ဝ၇ တားဆေး-တားနည်းများနှင့် ကိုယ်ဝန်ရနှုန်း တနှစ်တာဆန်းစစ်ချက်

– အကာအကွယ်မသုံးသူ = ၈၅ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– သုက်ရည်ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– ရက်ရှောင်နည်းသုံးသူ = ၅-၁၂ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– ကွန်ဒွမ်နည်းသုံးသူ =၂-၁၅ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ.၃-၈ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– ထိုးဆေးထိုးသူ = ဝ.ဝ၅-၃ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– တရုတ်နိုင်ငံမှာ ရနိုင်တဲ့အရေးပေါ်တားဆေးတွေ = Ai Wu You, An Ting 0.75, An Ting 1.5, Bao Shi Ting (Postinor-2, 0.75 mg), Bao Shi Ting 1.5, Dan Mei (0.75 mg), Dan Mei (1.5 mg), Hui Ting 0.75 mg Hui Ting 1.5 mg, Jin Xiao (0.75 mg), Jin Xiao (1.5 mg), Jin Yu Ting, Ka Rui Ding, Le Ting, Nuo Shuang, Xian Ju, Yi Ting, Yu Ping, Yu Ting,
– တရုတ်နိုင်ငံမှာရနိုင်တဲ့ Mifepristone ကိုယ်ဝန်ဖျက်ဆေးတွေ = Bi Yun (10 mg), Bi Yun (12.5 mg), Fu Nai Er (10 mg), Fu Nai Er (25 mg), Hou Ding Nuo (10 mg), Hou Ding Nuo (25 mg), Hua Dian (10 mg), Hua Dian (25 mg), Si Mi An (10 mg), Si Mi An (25 mg)

– အိန္ဒိယမှာရနိုင်တဲ့ အရေးပေါ်တားဆေးတွေ = E Pills, i-pill, Preventol, ECee2, Pill 72

– မြန်မာနိုင်ငံမှာရနိုင်တဲ့ အရေးပေါ်တားဆေးတွေ = ECee2, Pill 72

– ထိုင်းနိုင်ငံမှာရနိုင်တဲ့ အရေးပေါ်တားဆေးတွေ = Madonna

– စင်္ကာပူမှာရနိုင်တဲ့ အရေးပေါ်တားဆေးတွေ = Postinor-2®, Estinor®, Norlevo®

– စင်္ကာပူမှာရနိုင်တဲ့ ကိုယ်ဝန်တားကပ်ခွာဆေး = Ortho Evra® (6 mg Norelgestromin and 600 micrograms Ethinyl estradiol transdermal patch)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top